
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
မြန်မာနဲ့ပတ်သက်တဲ့ မလေးရှားရဲ့ မူဝါဒရပ်တည်ချက်ကို ထိန်းသိမ်းဖို့နဲ့ စစ်ကော်မရှင်ရဲ့ မှားယွင်း စွာဖော်ပြတဲ့ ရပ်တည်ချက်ကို ခွင့်မပြုဖို့ မလေးရှား မူဝါဒရေးရာ ကျွမ်းကျင်သူတွေပါတဲ့ အဖွဲ့တစ်ဖွဲ့က မ လေးရှားအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ဒီသီတင်းပတ်အစောပိုင်း နေပြည်တော်ခရီးစဉ်အတွင်း မြန်မာစစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်အား ကိုးကားပြီး The Global New Light of Myanmar မှ ဖော်ပြတဲ့အပေါ် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ မလေးရှား အကြံပေးအ ဖွဲ့က ပြောပါတယ်။
“မြန်မာစစ်ကော်မရှင်ထိန်းချုပ် သတင်းစာဖော်ပြချက်ကို စိုးရိမ်ပြီး သံသယရှိပါတယ်။ မြန်မာစစ် ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အားလုံးပါဝင်မှု မရှိဘဲ အတုအယောင် ရွေး ကောက်ပွဲသာ ဖြစ်ပါတယ်” လို့ အဆိုပါအဖွဲ့တွေက ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မလေးရှားအစိုးရအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်နဲ့အညီ လူသားချင်းစာနာမှု အ ကူအညီ ပေးအပ်ခွင့်နဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေး ဉီးစားပေးဖို့ မြန်မာစစ်ကော်မရှင်နဲ့ ထိတွေ့ဆက် ဆံမှု ဆက်လုပ်သင့်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မလေးရှားနိုင်ငံက စစ်ကော်မရှင်နဲ့သာမက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့တွေနဲ့လည်း ပွင့်လင်းစွာ ထိတွေ့ဆက်ဆံဖို့ ထုတ်ပြန် ချက်က တောင်းဆိုခဲ့ပါတယ်။
မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်ကို စောင့်ထိန်းဖို့နဲ့ မြန်မာစစ်ကော်မရှင်က အာဆီယံအဖွဲ့ရဲ့ ရပ် တည်ချက်ကို မှားယွင်းစွာဖော်ပြမှု ဖြစ်မလာဖို့ မလေးရှားအစိုးရနဲ့ နိုင်ငံခြားရေးဝန်ကြီးကို တိုက်တွန်း ကြောင်း ထုတ်ပြန်ချက်က ဆိုပါတယ်။
မကြာသေးမီက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကို ထုတ်ပြန်ချက်က ရှုတ်ချခဲ့ပြီး စစ်ကော်မရှင်ဟာ အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေး ကတိကဝတ်ကို လိုက်နာလိုသော ရည်ရွယ်ချက်မရှိတဲ့ အထောက်အထားလို့ ပြောပါတယ်။
ကိုးကား – Bernama
Ref; Malaysian policy groups slam Myanmar junta’s ‘sham’ election claims, warn Putrajaya not to let Asean’s name be misused after Tok Mat’s visit