
နိုင်း၊ ဧရာဝတီတိုင်းမ်
(ပေါင်)၊ စက်တင်ဘာ ၄ ရက်
မွန်ပြည်နယ်၊ ပေါင်မြို့နယ် မြို့မရဲစခန်း ယမန်နေ့ စက်တင်ဘာ ၃ ရက် ညနေ ၆ နာရီခန့်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းဒေသခံများထံကသိရသည်။
ပေါင်မြို့နယ် ရဲစခန်းအား ၄၀ မမဖြင့်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ရဲစခန်းဘက်မှလည်း လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ကာ ထွေအုပ်ရုံးမှ ကားတစ်စီးပျက်စီး ဆုံးရှုံးခဲ့ကြောင်းဒေသခံတဦးကပြောသည်။
“ရဲစခန်းကို တောင်ပေါ်ကနေ ၄၀ မမနဲ့ပစ်တာ၊ သူတို့ကလည်း ရမ်းပီးတောင်ပေါ်ဘက်ကိုပြန်ပစ်ကြတော့ အပြန်အလှန်တွေပစ်ကြတာပေါ့။ မြို့ခံတွေလဲတော်တော်လန့်သွားတယ်၊ဒီတစ်ခါကပစ်ကြတာကြမ်းတော့။ ရဲစခန်း ဘေးကထွေအုပ်ရုံး ထဲက ကားတစီးထိသွားတယ်လို့သိရတယ်။ သူတို့ (စကစ)ကတောင်ပေါ်ကို တောနင်းရှာမယ် လဲပြော နေကြတယ်” ဟု နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပေါင်မြို့နယ်တွင် မြို့နယ်ရဲစခန်း၊ အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်တရားရုံး စသည့်စစ်ကောင် စီလက် အောက်ခံဌာနရုံးများသည် တစ်နေရာထဲတွင်ရှိနေသောကြောင့် စစ်ကောင်စီထောက် တိုင်များ ကိုရည် ရွယ်၍ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
ဩဂုတ်လ ၂၈ ရက် နှင့် ၃၀ ရက်များတွင်လည်း ပေါင်မြို့နယ် လျှပ်စစ်ရုံးနှင့် ဇင်းကျိုက်မြို့ အုပ်ချုပ်ရေးမှူးရုံးတို့၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- Paung Daily