
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၄ ရက်
ဧရာဝတီတိုင်း၊ အိမ်မဲမြို့မှာ စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့ထဲက လျှပ်စစ်ရုံးရှေ့မှာ ည ၉ နာရီကျော်လောက် ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ ဗုံးကွဲတာက ည ၉ နာရီကျော်လောက်ဖြစ်မယ်ထင်တယ် ကွမ်းယာဝယ်နေတုန်းအသံကြားရတာ ကားဘီးပေါက်တာထင်လို့ နောက်မှ ဗုံးပေါက်တယ်ဆိုတာသိတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားနဲ့ ရဲတွေက မြို့ထဲပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
မြို့ထဲက လျှပ်စစ်ရုံးကို ဗုံးခွဲတိုက်ခိုက်တာဟာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံးဖြစ်သလို မီးခဏခဏ ပျက်နေတာကြောင့် ခုလို ဗုံးခွဲတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်မဲမြို့မှာ ဗုံးပေါက်ကွဲတာဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဗုံးပေါက်ကွဲတာ ဖြစ်တယ်လို့ ဆိုပါတယ်။