ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၄ ရက်

အမေရိကန်နိုင်ငံက ယူကရိန်းသို့ တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ဖို့ဆုံးဖြတ်ပါက ရုရှား-အ မေရိကန်ဆက်ဆံရေးကို ထိခိုက်စေမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောပါတယ်။

ကြာသပတေးနေ့က ရုရှားနိုင်ငံတောင်ပိုင်း ဆိုချီမြို့မှာကျင်းပတဲ့ Valdai Discussion Club အ စည်းအဝေးမှာ သူက အခုလို ပြောကြားခဲ့တာပါ။

ယူကရိန်းသို့ တာဝေးပစ် တိုမာဟော့ခ်ဒုံးကျည်တွေ ထောက်ပံ့ဖို့ စဉ်းစားနေကြောင်း အမေရိကန် နိုင်ငံက ဒီသီတင်းပတ်အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

တိုမာဟော့ခ်ဒုံးကျည်ဟာ ခေတ်မီဒုံးကျည်မဟုတ်ပေမယ့် အင်အားပြင်းထန်ကာ ခြိမ်းခြောက်မှု ဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြုပါတယ်။

တိုမာဟော့ခ်ဒုံးကျည်တွေကို အမေရိကန်တပ်ဖွဲ့ဝင်တွေ မပါဝင်ဘဲ အသုံးမပြုနိုင်လို့ ယင်းဒုံးကျည် တွေ ထောက်ပံ့တာဟာ ရုရှားနဲ့အမေရိကန်ကြား ဆက်ဆံရေးအပါအဝင် တင်းမာမှုတွေ အရှိန်မြှင့်စေနိုင် တယ်လို့ ၎င်းက ဆိုပါတယ်။

တိုမာဟော့ခ်ဒုံးကျည်တွေက ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေနိုင်ပေမယ့် ရုရှားက လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အဆင့်မြှင့်ပြီး လက်တုံ့ပြန်မယ်လို့ သူက ဆက်ပြောပါတယ်။

ယူကရိန်းသို့ စစ်ရေးအကူအညီ ဆက်ပေးခဲ့တဲ့ နေတိုးအဖွဲ့နဲ့ပတ်သက်လို့ နေတိုးအဖွဲ့ဝင်အားလုံး ဟာ ရုရှားနဲ့ စစ်ဖြစ်နေတယ်ဆိုတာ ဖုံးကွယ်မရကြောင်း ပူတင်က ပြောပါတယ်။

ကိုးကား – NHK
Ref; Putin: Russia-US relations will suffer if Tomahawk missiles supplied to Ukraine