ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလာရုစ်နယ်စပ်အနီး ချာနိုဘိုင်း နျူကလီးယားဓာတ် အားပေးစက်ရုံမှာ ဓာတ်အားပြတ်တောက်မှု ဖြစ်ခဲ့တယ်လို့ ယူကရိန်းနိုင်ငံက စွပ်စွဲလိုက်ပါတယ်။

ကိယက်ဗ်ဒေသရှိ ဆလာဗူတပ်ချ်မြို့မှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဓာတ်အားပြတ် တောက်ခဲ့ရကြောင်း ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာလ ၂ ရက်နှောင်းပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။

ပညာရှင်တွေရဲ့ ပြုပြင်မှုကြောင့် ဓာတ်အားပြန်လည်ရရှိပြီဖြစ်ကာ ရေဒီယိုသတ္တိကြွမှုဟာ ထိန်း ချုပ်အဆင့်ကို မကျော်လွန်ခဲ့လို့ ဒေသခံပြည်သူတွေအတွက် ခြိမ်းခြောက်မှုတွေ မဖြစ်စေခဲ့ဘူးလို့ ယူက ရိန်း စွမ်းအင်ဝန်ကြီး Svitlana Hrynchuk က ပြောပါတယ်။

ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဓာတ်အား ၃ နာရီကြာ ပြတ်တောက်ခဲ့ပြီး တိုက်ခိုက်မှု မှာ ဒရုန်းအစင်း ၂၀ ကျော် ပါဝင်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက လူမှုကွန်ရက် X မှာ ပြောကြား ခဲ့ပါတယ်။

“တိုက်ခိုက်မှုမှာပါဝင်တဲ့ ဒရုန်းအချို့ကို ပစ်ချခဲ့ပါတယ်။ တိုက်ခိုက်မှုဟာ ကာကွယ်ဖို့ ရှုပ်ထွေး အောင် ပြုလုပ်ထားတာပါ” လို့ သူက ဆိုပါတယ်။

ရုရှားစစ်တပ် ထိန်းချုပ်ထားတဲ့ ဇာပိုရီဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက အစောပိုင်းမှာ စွပ်စွဲခဲ့ပါတယ်။

ဥရောပတိုက်ရဲ့ အကြီးမားဆုံး အဏုမြူစွမ်းအင် စက်ရုံဖြစ်တဲ့ ဇာပိုရီဇီယာဟာ စက်တင်ဘာလ ၂၃ ရက်မှာ ဓာတ်အားပြတ်တောက်ခဲ့ပါတယ်။

ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း မကြာခဏ လက်နက်ကြီးပစ်ခတ်ခံရမှု၊ ဓာတ်အား ပြတ်တောက်မှုနဲ့ ဝန်ထမ်းအင်အား မလုံလောက်မှု အပါအဝင် ဇာပိုရီဇီယာစက်ရုံဟာ ဘေးကင်းလုံခြုံရေး ခြိမ်းခြောက်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

“ရုရှားနိုင်ငံဟာ ရေဒီယိုသတ္တိကြွမှု အန္တရာယ်တစ်ခုဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးနေပါ တယ်” လို့ ဇီလန်စကီးက စွပ်စွဲလိုက်ပါတယ်။

သူ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဇာပိုရီဇီယာ နျူကလီးယား ဓာတ်အားပေးစက်ရုံကို တမင်တကာ တိုက်ခိုက်တယ်ဆိုတဲ့ ယူကရိန်းရဲ့ စွပ်စွဲချက်တွေကို ရုရှားနိုင်ငံက ငြင်းဆန်ခဲ့ပါတယ်။

ကိုးကား – TRT World
Ref; Ukraine, Russia continue to accuse each other of targeting nuclear power plants