ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၃ ရက်

တရုတ်နဲ့ နိုင်ငံခြားသားဆန့်ကျင်ရေးဟာ တိုင်းပြည်ရဲ့ပုံရိပ်နဲ့ စီးပွားရေးကို ထိခိုက်နစ်နာစေတယ် ဟုဆိုကာ နိုင်ငံခြားသားဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က အမိန့်ပေးလိုက်ပါတယ်။

ဒီသီတင်းပတ်မှစတင်ကာ တောင်ကိုရီးယားအစိုးရက တရုတ်မှ ကမ္ဘာလှည့်ခရီးသွားတွေကို ဗီဇာ မလိုပဲ ပြည်ဝင်ခွင့်ပြုမှု မစတင်မီ လယ်ယာယိမ်းအဖွဲ့တွေက တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်နေ ပါတယ်။

တရုတ်ခရီးသွားတွေ ပိုမို ရောက်ရှိလာဖို့ ရည်ရွယ်တဲ့ ဗီဇာမူဝါဒ အပြောင်းအလဲကြောင့် ခရီးသွား လုပ်ငန်းမှာ အကျိုးအမြတ်တွေ ပိုမိုဖြစ်ထွန်းဖို့ တောင်ကိုရီးယားကုမ္ပဏီတွေက မျှော်လင့်နေပါတယ်။

“အကြောင်းပြချက်မရှိဘဲ လူတွေက ပုတ်ခတ်ဝေဖန်နေရင် ဘယ်သူက အဲဒီတိုင်းပြည်ကို လာ လည်ချင်မှာလဲ” လို့ အကြီးတန်းအရာရှိတွေနဲ့ အစည်းအဝေးမှာ လီဂျေမြောင်က ပြောပါတယ်။

နိုင်ငံ့အကျိုးစီးပွားနဲ့ပုံရိပ်ကို ထိခိုက်စေတဲ့ ကိုယ့်ကိုယ်ကို ဖျက်ဆီးမှုနဲ့ အသုံးမကျတဲ့ အပြုအမူကို ကျွန်တော်တို့ ထုတ်ပစ်ရပါမယ်” လို့ သူက ဆိုပါတယ်။

တရုတ်ခရီးသွားတွေအတွက် ဗီဇာမလို ပြည်ဝင်ခွင့်ပြုတဲ့ အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ ဆောင်ရွက်မယ်လို့ သိရပါတယ်။

ကမ္ဘာ့လှည့်ခရီးသွားတွေရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်စေတဲ့ စေ့ဆော်တဲ့လုပ်ရပ်တွေကို ဖြို ခွင်းဖို့နဲ့ လူမျိုးရေးအမုန်းတရား ရပ်တန့်စေမယ့် အစီအမံတွေ လုပ်ဆောင်ဖို့ လီဂျေမြောင်က ညွှန်ကြားခဲ့ပါ တယ်။

အောက်တိုဘာလ ၃၁ ရက်မှာ စတင်မယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ် သီးဆွေးနွေးပွဲအတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်မတိုင်မီ တောင်ကိုရီးယားရဲ့ အာရှအိမ်နီးချင်း တွေနဲ့ ဆက်ဆံရေး တိုးတက်လာဖို့ ၎င်းက ကြိုးပမ်းနေပါတယ်။

ကိုးကား – Reuters
Ref; South Korea President Lee orders crackdown on anti-Chinese, anti-foreigners rallies