
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
နယ်စပ်ရှိ ဒုက္ခသည်စခန်း (၉) ခုမှာနေထိုင်တဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ တစ်နှစ်ကြာ တရားဝင် အလုပ်လုပ်ခွင့်ပြုမယ်လို့ ဝန်ကြီးချုပ် အနုတင်ချန်ဗီရာကူလ်က အောက်တိုဘာလ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ ၁ ရက်မှစပြီး မြန်မာဒုက္ခသည်တွေကို ဒုက္ခသည်စခန်းပြင်ပမှာ တစ်နှစ်အထိ အလုပ်လုပ်ခွင့်ပြုလိုက်ပြီလို့ ၎င်းက ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ လူသားချင်းစာနာမှု စည်းမျဉ်းတွေကို လိုက်နာပြီး ဥပဒေလိုက်နာတဲ့ ဒုက္ခသည် တွေအတွက် အခွင့်အလမ်းတွေ ဖွင့်ပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“သတ်မှတ်ချက်တွေကို သဘောမတူသူတွေအတွက် စည်းမျဉ်းတွေ ဖြေလျှော့မှာမဟုတ်ဖူး။ ကျွန်တော်တို့မှာ အလုပ်သမား ပြတ်လပ်တာမရှိဘူးဆိုတာ ကျွန်တော်တို့နဲ့ ပြဿနာတွေဖြစ်နေတဲ့ တိုင်း ပြည်ကို သတင်းစကားပါးတာပါ” လို့ အနုတင်က ကမ္ဘောဒီးယားနိုင်ငံကို ရည်ညွှန်းပြီး ပြောပါတယ်။
အလုပ်ရှင်တွေက မြန်မာဒုက္ခသည်တွေကို အလုပ်သမားဥပဒေနဲ့အညီ သက်သာချောင်ချိရေးနဲ့ ရန်ပုံငွေတွေ ထောက်ပံ့ပေးမယ်လို့ ၎င်းက ကတိပြုပါတယ်။
“အလုပ်လုပ်ကိုင်ခွင့်ရဲ့ ဒုက္ခသည်တွေဟာ တရားဝင် အလုပ်သမားတွေဖြစ်လို့ သူတို့ကို ဥပဒေအ ရ ကာကွယ်ပေးပါမယ်” လို့ သူက ဆိုပါတယ်။
ပြည်နယ်လေးခုရှိ ဒုက္ခသည်စခန်း (၉) ခုမှ ဒုက္ခသည်တွေဟာ ထိုင်းမြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းရှိ ပြည်နယ် ၄၃ ခုမှာ အလုပ်လုပ်ခွင့်ရှိကြောင်း ၎င်းက ရှင်းပြပါတယ်။
တက်ခ်ပြည်နယ်မှာ ဒုက္ခသည်စခန်းသုံးခု၊ မယ်ဟောင်ဆန်ပြည်နယ်မှာ ဒုက္ခသည်စခန်းလေးခုနဲ့ ကန်ချနဘူရီနဲ့ ရတ်ချာဘူရီပြည်နယ်တို့မှာ ဒုက္ခသည်စခန်းတစ်ခုစီရှိပြီး အလုပ်လုပ်ကိုင်နိုင်တဲ့ ဒုက္ခသည် ၄၂၆၀၁ ဉီးရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
ကိုးကား – Bangkok Post
Ref; Myanmar refugees now allowed to work in Thailand