
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
မြန်မာ့ပန်းချီ လောကဂန္တဝင်ပန်းချီဆရာကြီး ဦးလွန်းကြွယ် အသက်(၉၆) နှစ်သည် ယနေ့အောက်တိုဘာ ၂ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း မြန်မာပန်းချီဆရာများထံမှ သိရသည်။
ဦးလွန်းကြွယ် ကို ၁၉၃၀ ပြည့်နှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့ တွင် ဖခင် ဦးဘခိုင် (BOC စာရေးကြီး) နှင့် မိခင် ကျောင်းဆရာမ ဒေဒေါ်အုန်းသွယ်တို့က ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။
ဆရာကြီးသည် မြန်မာ့ ပန်းချီလောကတွင် ထင်ရှားသည့် ဆရာကြီးများဖြစ်ကြသော ဦးသက်ဝင်း၊ ဦးချစ်မောင်၊ ဦးစန်းဝင်း၊ ဦးသိန်းဟန်နှင့် ဦးငွေကိုင် တို့ထံမှ ပန်းချီပညာကို သင်ယူခဲ့ပြီး၊ ၁၉၅၄ ခုနှစ်တွင် ပန်းချီဆရာဖြစ်သိပ္ပံမှ ဘွဲ့ရရှိခဲ့သည်၊
ဆရာကြီးဦးလွန်းကြွယ်သည် ၁၉၅၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ ရန်ကုန် ပန်းချီပန်းပုကျောင်း၌ နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကျောင်းအုပ်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။
ဆရာကြီး၏ ပန်းချီလက်ရာများသည် Impressionist ကို အခြေခံ၍ မြန်မာ့အမျိုးသမီးများ၏ လှုပ်ရှား ဟန်အလှ၊ ဈေးပတ်ဝန်းကျင် ၊ ပုဂံဒေသ နှင့် မြစ်ချောင်းအလှ တို့ကို တောက်ပစွာ ပုံဖော်လေ့ရှိပြီး နိုင်ငံတကာအထိ ကျော်ကြားသည့် ပန်းချီဆရာကြီးတစ်ဦး ဖြစ်သည်။
ဆရာကြီးသည် ၂၀၁၄ ခုနှစ်တွင် အနုပညာဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပြီး သူ၏ လက်ရာ များကို မြန်မာနိုင်ငံ အမျိုးသားပြတိုက်အပါအဝင် အထင်ကရ ပြတိုက်ကြီးများတွင် စုဆောင်းပြသထား သည်။
မြန်မာ့ပန်းချီလောက၏ Grand Master ဆရာကြီး ဒေါက်တာဦးလွန်းကြွယ် ဆုံးပါးသွားသဖြင့် ဝမ်းနည်း ရကြောင်း နှင့် ဆရာကြီး၏ ပန်းချီကားများမှတစ်ဆင့်များစွာသောသူတို့၏ စိတ်ဝိဉာဉ်များကို အမျိုးမျိုး သော ရသများ၊ တွေးစရာများပေးခဲ့သူဖြစ် ကြောင်း The Royal Gallery က ဖော်ပြထားသည်။
ဓာတ်ပုံ – the royal gallery ၊ လူမှုကွန်ရက်