
(ဂါဇာ ငြိမ်းချမ်းရေးစီမံချက်ကို ဟားမာစ်အဖွဲ့ လက်မခံရင် ဝမ်းနည်းဖွယ်ရာ အဆုံးသတ်မယ်လို့ ထရမ့် သတိပေး)
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂ ရက်
အဆိုပြုထားတဲ့ ဂါဇာ ငြိမ်းချမ်းရေးစီမံချက်ကို ဆုံးဖြတ်ဖို့ ရက်အနည်းငယ်သာ ကျန်တော့ ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟားမာစ်အဖွဲ့ကို သတိပေးခဲ့ပြီး ငြင်းဆန်မယ်ဆိုရင် ပြင်း ထန်သော အကျိုးဆက်တွေ ရှိလာမယ်လို့ ပြောပါတယ်။
ဟားမာစ်အဖွဲ့အနေနဲ့ ဂါဇာ ငြိမ်းချမ်းရေး အစီအစဉ်ကို တုံ့ပြန်ဖို့ အချိန် ၃ ရက် သို့မဟုတ် ၄ ရက် သာ ကျန်တော့တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
“ဟားမာစ်အဖွဲ့က ဂါဇာ ငြိမ်းချမ်းရေး စီမံချက်ကို လက်မခံရင် အလွန် စိတ်မကောင်းစရာ အဆုံး သတ်သွားပါလိမ့်မယ်” လို့ ၎င်းက ပြောပါတယ်။
အစ္စရေးနဲ့ အာရပ်ကမ္ဘာမှခေါင်းဆောင်တွေက အဆိုပြုချက်ကို လက်မှတ်ထိုးပြီးဖြစ်ကာ ဟား မာစ်အဖွဲ့ရဲ့ တုံ့ပြန်မှုကိုသာ စောင့်ဆိုင်းနေတယ်လို့ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်မှာ သတင်းထောက် တွေကို ပြောပါတယ်။
ဂါဇာစစ်ပွဲ ရပ်တန့်ဖို့နဲ့ အနာဂတ်အုပ်ချုပ်ရေးအတွက် အခြေခံအုတ်မြစ်ချဖို့ ရည်ရွယ်တဲ့ အချက် ၂၀ ပါ လမ်းညွှန်မြေပုံကို ဒေါ်နယ်ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ကြေညာပြီး နောက် ဒေါ်နယ်ထရမ့်က အခုလို ရာဇသံပေးတာပါ။
နေတန်ယာဟုက အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံပြီးနောက် ဂါဇာ ငြိမ်းချမ်းရေး သ ဘောတူညီချက်ကို ကြေညာခဲ့တာပါ။
ဂါဇာ ငြိမ်းချမ်းရေးစီမံချက်အရ ဟားမာစ်အဖွဲ့က ဓားစာခံအားလုံးကို ၇၂ နာရီအတွင်း လွှတ်ပေး ရမှာဖြစ်ပြီး အစ္စရေးကလည်း ဖမ်းဆီးထားသူတွေကို လွှတ်ပေးရမယ်လို့ သိရပါတယ်။
ဒါ့အပြင် အစ္စရေးစစ်တပ် ဂါဇာမှ ဆုတ်ခွာဖို့၊ နိုင်ငံတကာတပ်ဖွဲ့ စေလွှတ်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့နဲ့ ဂါဇာကို အကြမ်းဖက်မှုကင်းမဲ့ဇုန်အဖြစ် ပြောင်းလဲမယ့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ် ဖော်ဆောင်ဖို့လည်း ငြိမ်းချမ်းရေးစီမံချက်မှာ ပါဝင်ပါတယ်။
ကိုးကား – India Today
Ref; Trump gives Hamas ‘3 or 4 days’ to accept Gaza peace plan, warns of ‘sad end’