
ဓာတ်ပုံ - လူမှုကွန်ရက်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃ ရက်
မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက် အုပ်ချုပ်ရေးရုံး ယမန်နေ့ စက်တင်ဘာ ၂ ရက် နေ့လည်ပိုင်းက မိုင်းပေါက်ကွဲခဲ့ကြောင်းဒေသခံများထံက သိရသည်။
(ဇ)ရပ်ကွက်၊ ၁၃၃(စံပြ)လမ်းနှင့် ၅၆ လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ကို အမည်မသိလူ ၂ ဦးမှ မိုင်းဖြင့်ပစ်ပေါက်ခဲ့လို့ ရုံးဝန်းအတွင်း ရေကန်ဘေးကိုမိုင်းကျရောက်ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
” လူထိတာတော့မရှိဘူး။ အဲ့ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးရုံးက ဒါနဲ့ဆို ၂ ခါရှိပြီ။ ဆိုင်ကယ်နဲ့လူ ၂ ယောက်လာပစ်သွားတာ” ဟု မြို့ခံတဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ပုသိမ်ကြီးမြို့နယ်အတွင်းက ၁၃၃ ၊ ၁၃၄ လမ်းမှာရှိတဲ့ စစ်ကောင်စီကိုထောက်ပံ့နေသည့် မန်းနီးငါးပစ်ဂိမ်းဆိုင်ကိုလည်း သြဂုတ်လ ၃၁ ရက်နေ့က မိုင်း ၂ လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ပုသိမ်ကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားသည်။