
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
အဓိက မူးယစ်ဆေး တစ်ဆင့်ခံပို့တဲ့ သို့မဟုတ် တရားမဝင် မူးယစ်ဆေး ထုတ်လုပ်တဲ့ တိုင်းပြည် ၂၃ ခုမှာ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ မြန်မာနဲ့ တရုတ်တို့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထ ရမ့်က ထည့်သွင်းလိုက်ပါတယ်။
တရားမဝင် မူးယစ်ဆေးနဲ့ ပရီကာဆာဓာတုတွေ ထုတ်လုပ် သို့မဟုတ် ပို့ဆောင်ပေးတဲ့ အဆိုပါ တိုင်းပြည်တွေဟာ အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ၎င်းက ကွန် ဂရက်သို့ပြောတဲ့မိန့်ခွန်းမှာ ပြောပါတယ်။
၂၃ နိုင်ငံထဲမှာ အာဖဂန်နစ္စတန်၊ ဘဟားမားစ်၊ ဘီလစ်၊ ဘိုလီဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီ ယာ၊ ကော့စတာရီကာ၊ ဒိုမီနီကန်ရီပက်ဗလစ်၊ အက်ကွေဒေါ၊ အယ်လ်ဆာဗေဒို၊ ဂွာတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊ အိန္ဒိယ၊ ဂျမေကာ၊ လာအို၊ မက္ကဆီကို၊ နီကာရာဂွာ၊ ပါကစ္စတန်၊ ပနားမား၊ ပီရူးနဲ့ ဗင်နီဇွဲလား တို့ ပါဝင်ပါတယ်။
အဆိုပါတိုင်းပြည်တွေဟာ အမေရိကန်နိုင်ငံသို့ဝင်ရောက်တဲ့ တရားမဝင် မူးယစ်ဆေးတွေရဲ့ အဓိ က အရင်းအမြစ်တွေလို့ အိမ်ဖြူတော်က ပြောပါတယ်။
အခုလို သတ်မှတ်ခြင်းဟာ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းကြောင့်သာမက နယ်စပ်တွေတစ် လျှောက် အကူးအပြောင်းလုပ်ဆောင်မှုကြောင့်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အဆိုပါတိုင်းပြည်များအနက် အာဖဂန်နစ္စတန်၊ ဘိုလီဗီးယား၊ မြန်မာ၊ ကိုလံဘီယာနဲ့ ဗင်နီဇွဲလား တို့ကို မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ မှောင်ခိုကူးမှု တိုက်ဖျက်ဖို့ ပျက်ကွက်တဲ့နိုင်ငံတွေအဖြစ် ဒေါ်နယ်ထ ရမ့်က ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မူးယစ်ဆေးတစ်မျိုးဖြစ်တဲ့ ဖန်တာနိုင်း ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပရီကာ ဆာဓာတုတွေ ကမ္ဘာပေါ်မှာ အများဆုံးထုတ်လုပ်တဲ့တိုင်းပြည်လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ကိုးကား – India Today
Ref; Trump names India, Pakistan, China among 23 major drug producing, transit countries