‎‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၁၆ရက်

လူမျိုးရေး ပဋိပက္ခများနှင့် စစ်ရေးအခြေအနေများကြောင့် ၁၃ နှစ်ကြာပိတ်ထားခဲ့ရသည့် မောင်တော မြို့မဂျာမေဗလီကြီးကို AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြန်လည် ဖွင့်လှစ်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၃၀ရက်နေ့က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် မောင်တောမြို့မဗလီရှိ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖွင့်လှစ်ခွင့်ပြုခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။


“ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာ ကျေးဇူးလည်းတင်တယ်။ ဝမ်းလည်းသာပါတယ်” ဟု မြို့မဂျာမေဗလီ၏ ဥက္ကဌဖြစ်သူက ပြောသည်။

 

‎တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်ပတ်အကြာ စက်တင်ဘာ ၁၂ရက်နေ့တွင် မောင်တောမြို့ရှိ မြို့မဂျာ မေဗလီကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


မောင်တောမြို့မဗလီကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ ဇွန် ၈ရက်နေ့တွင် လူမျိုးရေးပဋိပက္ခများကြောင့် အစိုးရအဆက်ဆက်ကပိတ်ထားခဲ့ရာ အာရက္ခတော်လှန်ရေးအစိုးရက ပြန်လည်ဖွင့်ခွင့်ပြုခဲ့သည်။

 

ဓာတ်ပုံ-APM