
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
တရုတ်သွင်းကုန်တွေအပေါ် ထပ်တိုး စည်းကြပ်ခွန်သတ်မှတ်ဖို့ အမေရိကန်နိုင်ငံက G7 နဲ့ နေ တိုးအဖွဲ့ဝင်နိုင်ငံတွေကို တောင်းဆိုတာဟာ အမေရိကန်ရဲ့ ဗိုလ်ကျမှုနဲ့ စီးပွားရေးအကျပ်ကိုင်မှုဟုဆိုကာ တရုတ်နိုင်ငံက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
“တရုတ်နိုင်ငံက ရုရှား အပါအဝင် တိုင်းပြည်အားလုံးနဲ့ စီးပွားရေး၊ ကုန်သွယ်မှု၊ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် တရားဝင် လုပ်ဆောင်ခွင့်ရှိပါတယ်။ အမေရိကန်ရဲ့လုပ်ရပ်ဟာ ဗိုလ်ကျမှုနဲ့ စီးပွား ရေး အကျပ်ကိုင်မှုဖြစ်ပါတယ်” လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ပေကျင်းမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်နိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတကာ ကုန်သွယ်မှုစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကမ္ဘာ့စက်မှုနဲ့ ထောက်ပံ့မှုလမ်းကြောင်းတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ရာကျတယ်လို့ သူက ဆက် ပြောပါတယ်။
“ယူကရိန်းအရေးမှာ တရုတ်ရဲ့ရပ်တည်ချက်က ရှေ့နောက်ညီညွတ်ပြီး ရှင်းပါတယ်။ တရုတ်နိုင်ငံ က စေ့စပ်ညှိနှိုင်းရေးကို ထောက်ခံခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အားပေးခဲ့ပါတယ်” လို့ သူက ဆို ပါတယ်။
တရုတ်နိုင်ငံရဲ့ အခွင့်အရေးတွေ၊ အကျိုးစီးပွားတွေကို ထိခိုက်လာပါက အချုပ်အခြာအာဏာ၊ လုံ ခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ကာကွယ်မယ့် တန်ပြန်အစီအမံတွေ သေချာပေါက် လုပ်ဆောင်သွားမယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
တရုတ်က ရုရှားကို ပံ့ပိုးကူညီတာ ရပ်တန့်ရင် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲ အမြန်ဆုံး ရပ် တန့်သွားမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယူကရိန်းဆိုင်ရာ အထူးကိုယ်စားလှယ် ကိတ် ကဲလော့ဂ်ရဲ့ ပြောဆိုချက်ကို သူက ပယ်ချခဲ့ပါတယ်။
“တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။ အမေရိ ကန်နဲ့ ဥရောပအပါအဝင် တိုင်းပြည်အများစုက ရုရှားနိုင်ငံနဲ့ ကုန်သွယ်မှု ဆက်လုပ်ပါတယ်။ တရုတ်နဲ့ ရု ရှားကုမ္ပဏီတွေကြား ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (WTO) ရဲ့ စည်းမျဉ်း တွေနဲ့အညီ ဖြစ်ပါတယ်” လို့ လင်ကျင်းက ဆိုပါတယ်။
ကိုးကား – Anadolu
Ref; Beijing slams US ‘bullying’ over asking EU, NATO to impose tariffs on Chinese imports