
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်
ရွှေ့ပြောင်းအခြေချတွေကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတစ်ခု စနေနေ့က လန်ဒန်မြို့တော်မှာ ပြုလုပ် ခဲ့ရာ ဗြိတိန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြပွဲတွေ တစ်ပတ်ကျော်ကြာ ရှိလာပြီဖြစ်ပါတယ်။
မတ်လအကုန်ထိ ခိုလှုံခွင့်တောင်းခံသူ ၃၀၀၀၀ ကျော်ကို ဗြိတိန်နဲ့ ဝေးလ်ရှိ ဟိုတယ် ၂၀၀ ဝန်း ကျင်မှာ ထားရှိတယ်လို့ ဗြိတိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဗြိတိန်အရှေ့တောင်ပိုင်း Essex မြို့ရှိ ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ အီသီယိုးပီးယား ခိုလှုံခွင့် တောင်းခံသူတစ်ဉီးကို လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု၊ အခြားပြစ်မှုတွေနဲ့ စွဲချက်တင်ပြီးနောက် ဇူလိုင်လ အတွင်း တင်းမာမှုတွေ အရှိန်မြှင့်လာခဲ့တာပါ။
အဆိုပါ အီသီယိုးပီးယားအမျိုးသာ အမျိုးသမီးတစ်ဉီးကို ဖက်နမ်းဖို့ ကြိုးစားကာ မသင့်တော်ရာ ကို ထိတွေ့ခဲ့တာကြောင့် ဟိုတယ်ဝန်းကျင်မှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားကာ ဆန္ဒပြပွဲတွေဟာ ဗြိတိန်နိုင်ငံ တစ်ဝှမ်းရှိ ခိုလှုံခွင့်တောင်းခံသူတွေကို ထားရှိရာဟိုတယ်တွေကို ပျံ့နှံ့သွားခဲ့ပါတယ်။
စနေနေ့ ဆန္ဒပြပွဲကို ထင်ရှားသော တက်ကြွလှုပ်ရှားသူတစ်ဉီးဖြစ်တဲ့ တွမ်မီရိုဘင်ဆင်က ဉီး ဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ဗြိတိန်အလံတွေနဲ့ ‘ခိုလှုံခွင့်တောင်းခံသူတွေကို နေရပ်ပြန်ပို့ပါ” ၊ “ကျွန်တော် တို့ ကလေးငယ်တွေကို ကယ်တင်ပါ” လို့ ရေးထားတဲ့ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ခဲ့ပါတယ်။ ဆန္ဒ ပြပွဲမှာ လူ ၁၀၀၀၀၀ ကျော် ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အမေရိကန်ဘီလျှံနာ အီလွန်မတ်စ်က ဆန္ဒပြသူတွေကို အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောခဲ့ပြီး ရွှေ့ပြောင်းအခြေချတွေက ဗြိတိန်နိုင်ငံကို ဖျက်ဆီးနေတယ်လို့ ပြောပါတယ်။
ဆန္ဒပြပွဲက အကြမ်းဖက်မှုအဖြစ် ပြောင်းလဲလာခဲ့ပြီး ဆန္ဒပြသူတွေနဲ့ရဲတွေကြား ထိပ်တိုက်တွေ့ ဆုံမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂၆ ဉီး ဒဏ်ရာရရှိခဲ့ကာ ဆန္ဒပြသူ ၂၅ ဉီး ဖမ်းဆီးခံခဲ့ရပါတယ်။
တန်ပြန်ဆန္ဒပြပွဲတစ်ခုလည်း ပြုလုပ်ခဲ့ပြီး ထောင်နဲ့ချီတဲ့သူတွေဟာ “လက်ယာယိမ်းတွေကို ရပ် တန့်ပါ” လို့ ရေးသားထားတဲ့ စာသားတွေကိုကိုင်ဆောင်ပြီး ချီတက်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Anti-immigration protest draws over 100,000 in London