ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၅ ရက်

တောင်တရုတ်ပင်လယ်အတွင်း ပုံမှန် ကင်းလှည့်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တရုတ်စစ်တပ်က စက်တင်ဘာလ ၁၄ ရက်မှာ ပြောကြားခဲ့ပြီး မည်သည့်ရန်စမှုတွေမှ မပြုလုပ်ဖို့ ဖိလစ်ပိုင်နိုင်ငံကို သတိ ပေးလိုက်ပါတယ်။

တရုတ်နဲ့ဖိလစ်ပိုင်ဟာ မဟာဗျူဟာမြောက် တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပွားနေပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ရန်စမှုဖြစ်စဉ်တွေနဲ့ တင်းမာမှုတွေ အရှိန်မြှင့်တာကို ဖိလစ်ပိုင် က ချက်ချင်း ရပ်တန့်ရမယ်လို့ တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

“တောင်တရုတ်ပင်လယ်အတွင်း ရန်စမှုတွေနဲ့ တင်းမာမှုတွေ အရှိန်မြှင့်တာကို ချက်ချင်း ရပ် တန့်ဖို့ ကျွန်တော်တို့ ဖိလစ်ပိုင်ကို သတိပေးပါတယ်။ အခြေအနေကို ဒုက္ခရောက်စေမယ့် ဘယ်လိုကြိုး ပမ်းမျိုးမှ အောင်မြင်မှာမဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့နဲ့ လွတ်လပ်၊ ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသ ဖြစ်လာဖို့ ဂျပန်၊ ဖိလစ်ပိုင်နဲ့ အမေရိကန်နိုင်ငံတို့ဟာ စက်တင်ဘာလ ၁၁ ရက်မှ ၁၃ ရက်အထိ ဖိလစ်ပိုင် အထူးစီးပွားရေးဇုန်မှာ ပူးတွဲ ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်၊ အာရှ-ပစိဖိတ်ဌာနချုပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“အမေရိကန်နိုင်ငံဟာ မဟာမိတ်တွေနဲ့အတူ လွတ်လပ်စွာ ရေကြောင်းမောင်းနှင်ခွင့်ကို စောင့် ထိန်းပြီး အပြည်ပြည်ဆိုင်ရာဥပဒေအရ ရေကြောင်းဆိုင်ရာ အခွင့်အရေးတွေကို လေးစားသမှုရှိပါတယ်” လို့ အမေရိကန်စစ်တပ်၊ အာရှ-ပစိဖိတ်ဌာနချုပ်က ဆိုပါတယ်။

အမေရိကန်နိုင်ငံက ဖိလစ်ပိုင်နဲ့ အတူရပ်တည်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက စက်တင်ဘာလ ၁၂ ရက်မှာ ပြောကြားခဲ့ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်စေသော အစီအစဉ်ဆိုတဲ့ တ ရုတ်ရဲ့ပြောကြားချက်ကို ပယ်ချလိုက်ပါတယ်။

ကိုးကား – Reuters
Ref; China’s military warns Philippines against provocations in South China Sea