
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်
နီပေါနိုင်ငံတွင် အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများအပြီး ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီး တစ်ဦး ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့သည်။ အမျိုးသမီး တရားသူကြီးချုပ်ဟောင်း ဆူရှီလာကာကီသည် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က စတင်ခဲ့သည့် ဆန္ဒပြပွဲများအတွင်း ဆန္ဒပြသူ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဝန်ကြီးချုပ်အသစ် တက်လာပြီးနောက် နီပေါနိုင်ငံသည် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိကာ ညမထွက်ရအမိန့်ကိုလည်း ဖြေလျှော့ပေးခဲ့သည်။
“နီပေါမှာ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် တက်လာပါပြီ။ ကျွန်တော်တို့ရဲ့ တရားသူကြီးချုပ်ဟောင်း ဝန်ကြီးချုပ်က နီပေါရဲ့ အကျင့်ပျက်ခြစားမှုတွေကို တိုက်ဖျက်ပြီး ကောင်းမွန်တဲ့အစိုးရကို ယူဆောင် လာမယ်လို့ ထင်ပါတယ်” ဟု အသက် ၅၁ နှစ်အရွယ် လူမှုဝန်ထမ်း ဆူရက်ဘတ်တာရိုင်း က ပြောဆိုခဲ့သည်။
တရားမျှတမှုတွင် နာမည်ကြီးသည့် ဆူရှီလာကာကီကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် “Gen Z” ကိုယ်စား လှယ်လူငယ်များနှင့်အတူ စစ်တပ်တာကွယ်ရေးဦးစီးချုပ် အာရှော့ရာဂျ် ဆစ်ဂ်ဒယ်လ်၊ နီပေါသမ္မတ ချန်ဒရာတို့ ဆွေးနွေးညှိနှိုင်းမှုအပြီးတွင် သဘောတူခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြပွဲများအတွင်း သမ္မတ ချန်ဒရာ၊ နီပေါနိုင်ငံ၏ အကြီးမားဆုံး အတိုက်အခံပါတီခေါင်းဆောင် ရှားဗဟာဒူး၊ ပြည်ထဲရေးဝန်ကြီး ရာမက်ရှ်လက်ခတ်ခ်နှင့် နီပေါကွန်မြူနစ်ပါတီခေါင်းဆောင်တို့၏ နေအိမ်များ မီးရှို့ခံခဲ့ရကာ စစ်တပ်မှ အရာရှိ မိသားစုဝင်များကို ရဟတ်ယာဥ◌်များဖြင့် ပြောင်းရွှေ့ ပေးခဲ့ရကြောင်းလည်း သိရသည်။
ကိုးကား – Bangkok Post