ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၃ ရက်

 

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်တစ်ခုတွင် ဝန်ထမ်းတစ်ဦး ခြင်္သေ့ကိုက်ခံရ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး စည်းကမ်းချိုးဖောက်မှုများ စစ်ဆေးတွေ့ရှိခဲ့သည်။

 

အဆိုပါ ဖြစ်ရပ်တွင် ဝန်ထမ်းကို ဦးဆောင်ကာ စတင်ကိုက်ခဲ့သည့် ခြင်္သေ့နာမည်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် နာမည်တူသည့် “ထရမ့်” (Trump) ဖြစ်နေကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က ဘန်ကောက်မြို့ရှိ ဆာဖာရီဝေါလ်တွင် အသက် (၅၈) နှစ်အရွယ် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအမျိုးသားတစ်ဦးကို အသက် ၁၀ နှစ်အရွယ် ခြင်္သေ့ ငါးကောင်က ဝိုင်းဝန်း ကိုက်သတ်ခဲ့ခြင်းဖြစ်သည်။

ခြင်္သေ့များ ကိုက်သတ်မှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ ဘေးကင်းလုံခြုံရေးစံနှုန်းသည် ၈၀ ရာခိုင်နှုန်းအောက်တွင် ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။

 

ထို့ကြောင့် အဆိုပါတိရစ္ဆာန်ဥယျာဉ်၏ တောရိုင်းတိရစ္ဆာန်ထားရှိရာဇုန်ကို ယာယီပိတ်သိမ်းရန် စက်တင်ဘာ ၁၂ ရက်နေ့တွင် အမိန့်ထု တ်ပြန်ခဲ့သည်။

 

လက်ရှိတွင် ဝန်ထမ်းကို ကိုက်ခဲ့သည့် Trump၊ Bite၊ Aon၊ Ai၊ Yao ဟူသော ခြင်္သေ့ငါးကောင်ကို သီးခြား ခွဲထုတ်ထားပြီး ပြန်လည်လေ့ကျင့်ပေးမည်ဖြစ်ပြီး ထိုသို့ပြန်လည်လေ့ကျင့်ပေးသော်လည်း လိုက်လျော ညီထွေမဖြစ်ပါက ခြင်္သေ့အသစ်များဖြင့် အစားထိုးမည်ဖြစ်ကြောင်း သိရသည်။

 

တာဝန်ရှိသူများက တိရစ္ဆာန်ဥယျာဉ်ကို ရက် ၃၀ အတွင်း အရေးပေါ်ပြင်ဆင်ရမည့်အချက်များနှင့် အခြားလုံခြုံရေးဆိုင်ရာ ချို့ယွင်းချက်များအားလုံးကို အပြီးသတ်ပြင်ဆင်ရန်လည်း အမိန့်ပေးခဲ့သည်။

 

ဘန်ကောက်ရှိ ဆာဖာရီဝေါလ် တစ်ခုတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က အသက် ၅၈ နှစ်အရွယ် တိရစ္ဆာန်ဥယျာဉ်ဝန်ထမ်းအမျိုးသားကို ခြင်္သေ့ ငါး ကောင်မှ ဝိုင်းဝန်းကိုက်ခဲ့ကြပြီးနောက် အကိုက်ခံရ သည့်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

 

ကိုးကား – Bangkok Post