ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

အင်္ဂါနေ့ညပိုင်းက ရုရှားဒရုန်းအမြောက်အမြား ပိုလန်ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့ပြီး တိုက်ရိုက် ခြိမ်းခြောက်တဲ့ ဒရုန်းတွေကို ပစ်ချခဲ့တယ်လို့ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ်က ပြောပါ တယ်။

ယခုဖြစ်စဉ်ဟာ ယူကရိန်းစစ်ပွဲအတွင်း နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုက ပထမဆုံးအကြိမ် ရုရှားဒ ရုန်းတွေကို ပစ်ခတ်မှုဖြစ်ပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကြီးမားသောပဋိပက္ခ ဖြစ်လာဖို့ နီးကပ် လာပြီလို့ ဒေါ်နယ်တပ်ခ်က ဆိုပါတယ်။

“ကျွန်တော်တို့ စစ်ဖြစ်လာနိုင်တဲ့အခြေအနေပါ။ အခြေအနေက အရင်ကထက် သိသိသာသာကို အန္တရာယ်ရှိနေပါတယ်” လို့ သူက ဆိုပါတယ်။

ရုရှားက ယူကရိန်းအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ရာ ဒရုန်း ၁၉ စင်းက ပိုလန်လေပိုင်နက်ကို ချိုးဖောက်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

သူ့ကို ပိုလန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့ပြီး ပိုလန်နိုင်ငံက ရုရှားဒရုန်းတွေ ပိုင်နက် ချိုးဖောက်တဲ့ အထောက်အထား မပြနိုင်ခဲ့ဘူးလို့ ရုရှား သံရုံးယာယီတာဝန်ခံ အန်ဒရေအော်ဒက်ရှ်က ပြောပါတယ်။

ပိုလန်ပိုင်နက်အတွင်း တိုက်ခိုက်ဖို့စီစဉ်ထားတဲ့ ပစ်မှတ်တွေ မရှိခဲ့ဘူးလို့ ရုရှား ကာကွယ်ရေးဝန် ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

“ရုရှားဒရုန်းအများအပြား ပိုလန်လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ လေကြောင်း ရန် ကာကွယ်ရေးစနစ်က နေတိုးအဖွဲ့ပိုင်နက် ကာကွယ်ဖို့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်” လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးက ပြောပါတယ်။

အီတလီ၊ ဂျာမနီ၊ နယ်သာလန်မှ စစ်လက်နက်တွေ အပါအဝင် ပိုလန်လေတပ်ဖွဲ့ရဲ့ F-16 ဂျက် တိုက်လေယာဉ်တွေနဲ့အတူ တုံ့ပြန်မှုစစ်ဆင်ရေးမှာ တိုင်းပြည်အများအပြား ပါဝင်ခဲ့တယ်လို့ သူက ဆိုပါ တယ်။

ကိုးကား – Time
Ref; Poland Says It Shot Down Russian Drones That Violated Its Airspace as Putin Appears to Test NATO