
နည်းပညာနဲ့အနိုင်ကျင့်ခံနေရလို့ MTube ပလက်ဖောင်းကို တီထွင်အသုံးပြုတာလို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးပြော
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂ ရက်
စစ်ကောင်စီပြန်ကြားရေးဌာနက You Tube ကဲ့သို့ ဆိုရှယ်မီဒီယာပလက်ဖောင်း MTube ကို တီထွင်ဖန်တီးအသုံးပြုဖို့စီစဥ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
၄င်းတို့စစ်ကောင်စီက ထုတ်ပြန်တဲ့သတင်းတွေကို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ သတင်းတွေကို ကန့်သတ်တာတွေ၊ဖြုတ်ချတာတွေကို နည်းပညာအားကိုးပြီးအနိုင်ကျင့်တာတွေကြုံတွေ့နေရလို့ YouTubeလို အသုံး ပြုနိုင်တဲ့ MTube ပလက်ဖောင်းတခုကို တီထွင်တာဖြစ်တယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းကပြောဆိုခဲ့တာပါ။
ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင်က မြန်မာပြည်မှာ အသုံးပြုသူအများဆုံးဖြစ်တဲ့ Facebook နေရာမှာ အခြားဆိုရှယ်မီဒီယာတခုကို ပြောင်းလဲအသုံးပြုဖို့ ပြင်ဆင်နေတယ်လို့လည်းပြောပါတယ်။
ပြီးခဲ့တဲ့မေလဆန်းပိုင်းကလည်း စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းတွေကို ဖော် ပြဖို့ထုတ်လုပ်ထားတဲ့ MRTV App ကိုစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ပေးပြီးတဲ့နောက် Google Play Store နဲ့ Apple Store တွေကဖြုတ်ချခဲ့ပါသေးတယ်။
#AyeyarwaddyTimes