
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်
ယူကရိန်းနိုင်ငံရှိ ကျေးရွာတစ်ခုကို ရုရှားက လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ရာ ပင် စင်ထုတ်ဖို့ စုဝေးနေတဲ့ လူ ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အဆိုပါကျေးရွာဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း ဒွန်းနက်ခ်ဒေသမှာရှိပြီး လေကြောင်းတိုက်ခိုက်မှု ကြောင့် လူ ၁၉ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။
ပင်စင်ထုတ်ဖို့ ရွေ့လျှားစာတိုက်တစ်ခုမှာ စုဝေးနေတဲ့လူတွေအပေါ် ရုရှားက ပဲ့ထိန်းဗုံးတစ်လုံး ကြဲချခဲ့တာလို့ ဒွန်းနက်ခ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဗာဒင်ဖီလက်ကင်နဲ့ ပြည်ထဲရေးဝန်ကြီး အိုင်ဟော် ကိုင်မန်ကိုက ပြောပါတယ်။
အဆိုပါရွာဟာ ဒွန်းနက်ခ်ပြည်နယ်၊ ဆလိုဗီယက်ခ်မြို့တော်အနီး တည်ရှိပြီး နယ်စပ်မှ ၈ ကီလိုမီ တာမျှသာ ကွာဝေးတယ်လို့ ယူကရိန်းမီဒီယာတွေက ဖော်ပြပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ တနင်္ဂနွေနေ့မနက်ပိုင်းအထိ ကျူးကျော်စစ်စတင်ပြီးနောက်ပိုင်း ယူကရိန်း အပေါ် အကြီးမားဆုံး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့တော်မှာ အစိုးရအဆောက်အအုံတစ်လုံး အပြင် လူနေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ လုပ်ဆောင်ကြဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက တိုက်ခိုက် မှုအပြီးမှာ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုခဲ့ပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုမလုပ်ဘဲ သံခင်းတမန်ခင်းနဲ့ ပဋိပက္ခအဆုံးသတ်ရေး ကြိုးပမ်းမှုတွေမှာ တိုး တက်မှုရှိလာမှာ မဟုတ်ဖူးလို့ သူက အင်္ဂါနေ့မှာ လူမှုကွန်ရက်၌ ပြောပါတယ်။
ကိုးကား – NHK
Ref; Russian airstrike reportedly kills at least 24 pensioners in Ukraine