ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၀ ရက်

လူမှုကွန်ရက် ပလက်ဖောင်းတွေကို ပိတ်ပင်မှုနဲ့ အစိုးရရဲ့ အဂတိလိုက်စားမှုအပေါ် ဆန္ဒပြပွဲတွေ အတွင်း ဆန္ဒပြသူတွေက တိုင်းပြည်ရဲ့ ထိပ်တန်းခေါင်းဆောင်နေအိမ်တွေကို မီးရှို့ပြီးနောက် နီပေါဝန် ကြီးချုပ် ခါဒါပရာဆတ်အိုလီ ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။

ခတ္တမန္ဒူမြို့တော်မှာ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ရာ လူ ၁၉ ဉီး သေဆုံးခဲ့ပြီးနောက် ခါဒါပရာဆတ်အိုလီ ရာထူးမှနှုတ်ထွက်တာပါ။

“တိုင်းပြည်တွင်း လက်ရှိအခြေအနေကြောင့် ပြဿနာကို အဖြေရှာဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ ယနေ့မှစပြီး ကျွန်တော် ရာထူးမှနှုတ်ထွက်ပါတယ်” လို့ သမ္မတ ရမ်ချန် ဒရာထံ ပေးပို့တဲ့ နှုတ်ထွက်စာမှာ ၎င်းက ရေးသားခဲ့ပါတယ်။

ဆန္ဒပြပွဲအတွင်း သမ္မတ ချန်ဒရာ၊ နီပေါနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံပါတီခေါင်းဆောင် ရှားဗဟာဒူး၊ ပြည်ထဲရေးဝန်ကြီး ရာမက်ရှ်လက်ခတ်ခ်နဲ့ နီပေါကွန်မြူနစ်ပါတီခေါင်းဆောင်ရဲ့ နေအိမ် တွေလည်း မီးရှို့ခံခဲ့ရပါတယ်။

အစိုးရဝန်ကြီးအချို့ကို စစ်ဘက်ရဟတ်ယာဉ်တွေနဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ပြီး ခတ္တမန္ဒူလေ ဆိပ်ကို ပိတ်ထားခဲ့တယ်လို့ မျက်မြင်တွေက ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။

လူမှုကွန်ရက်ပလက်ဖောင်းတွေဖြစ်တဲ့ Facebook၊ X နဲ့ YouTube တို့ဟာ မှတ်ပုံတင်ခြင်းမရှိလို့ နီပေါအစိုးရက အဆိုပါလူမှုကွန်ရက်ပလက်ဖောင်းတွေကို ပိတ်ပင်ဖို့ ဆုံးဖြတ်ခဲ့ရာ လူငယ်တွေဉီးဆောင် တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တာပါ။

မြို့ကြီးတွေမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ခတ္တမန္ဒူမြို့တော်ရှိ စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ပါတယ်။ သို့သော်လည်း ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေပြီး ဆန္ဒပြသူတွေက အကြမ်းဖက်နှိမ်နင်း ရေးရဲတွေကို ကျောက်တုံးတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။

အသက် ၇၃ နှစ်အရွယ် ခါဒါပရာဆတ်အိုလီဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စတုတ္ထသက်တမ်းအ တွက် ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။

အိုလီရဲ့ နှုတ်ထွက်စာကို လက်ခံကြောင်း နီပေါစစ်တပ်က လူမှုကွန်ရက် X မှာ ကြေညာခဲ့ပြီး အ ရေးပါတဲ့အချိန်မှာ လူ့အသက်တွေနဲ့ ပစ္စည်းဥစ္စာတွေ ထပ်မံ မဆုံးရှုံးရအောင် သည်းညည်းခံကြဖို့ နိုင်ငံ သားအားလုံးကို တိုက်တွန်းခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီး ရာမက်ရှ်လက်ခတ်ခ်ကလည်း တနင်္လာနေ့နှောင်းပိုင်း အရေးပေါ် အစိုးရအ ဖွဲ့ အစည်းအဝေးမှာ ရာထူးမှနှုတ်ထွက်ခဲ့ပါတယ်။

နီပေါအစိုးရရဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေ ပိတ်ပင်မှုကို မကျေနပ်တာကြောင့် Gen Z တွေ က ဆန္ဒပြပွဲကို ဉီးဆောင်ကာ လွှတ်တော်ကို တိုက်ခိုက်ခဲ့ပါတယ်။

ကိုးကား – Fox News
Ref; Nepal’s prime minister resigns as rioters burn leaders’ homes