
ရက်စွဲ – ၉ . ၉ . ၂၀၂၅ ။
Ayeyarwaddy Times သတင်းဌာနသည် ပြည်သူလူထုဘက်မှ အမြဲရပ်တည်ကာ သတင်းမီဒီယာ လုပ်ငန်းကို ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်နေသော လွတ်လပ်သည့်သတင်းဌာနဖြစ်ပါသည်။
Ayeyarwaddy Times သတင်းဌာနကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ဆလိုင်းသန့်စင်နှင့် အခြားသော လူပုဂ္ဂိုလ်နှစ်ဦးတို့ ပူးတွဲတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစတင်၍ ဆလိုင်းသန့်စင်က ဌာန၏အယ်ဒီတာချုပ် တာ၀န်ကို လက်ရှိအချိန်အထိ ထမ်းဆောင်လျှက် ရှိပါသည်။
လတ်တလော လူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သတ်၍ အကြမ်းဖက်စစ်ကော်မရှင် ထောက်တိုင် သတင်းဌာနအမည်ခံ Page များမှ “Ayeyarwaddy Times သတင်းဌာန တည်ထောင်သူနှင့် အယ်ဒီတာချုပ် ထက်ခေါင်လင်း”ဟု လွဲမှားစွာဖော်ပြသုံးနှုန်း၍ သတင်းမှားများဖြန့်ချီကာ မိမိတို့သတင်းဌာနကို အပုပ်ချရေးသားဖြန့်ဝေနေသည်ကို တွေ့ရပါသည်။
သတင်းသမား ထက်ခေါင်လင်းသည် စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်အတွင်း Ayeyarwaddy Times ဌာန၏ အယ်ဒီတာ အဖွဲ့၀င်အဖြစ် ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ဌာနနှင့်တရားဝင်လမ်းခွဲထားသူတစ်ဦး ဖြစ်ပါသည်။ ထိုသို့ လမ်းခွဲထားကြောင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက ပထမအကြိမ် လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်ပါသည်။
ထို့ကြောင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလနောက်ပိုင်း သတင်းသမား ထက်ခေါင်လင်း လုပ်ကိုင်ဆောင်ရွက်မှုကိစ္စရပ်အားလုံးသည် ၄င်းနှင့်သာ သက်ဆိုင်ပြီး Ayeyarwaddy Times ဌာနနှင့် လုံးဝ (လုံး၀) သက်ဆိုင်ခြင်း မရှိပါ။
သို့ဖြစ်ပါ၍ မဟုတ်မမှန် အချက်အလက်များအပေါ်အခြေခံ၍ မိမိတို့သတင်းဌာနအား ဂုဏ်သိက္ခာကျဆင်းစေရန် အပုပ်ချ တိုက်ခိုက်နေသည့်လုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် Ayeyarwaddy Times သတင်းဌာနအမည်ကို အလွဲသုံးစားပြုလုပ်သည့် လူပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ ပြင်းထန်စွာတုန့်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အများသိစေရန် ထုတ်ပြန်ကြေညာအပ်ပါသည်။
ဆလိုင်းသန့်စင် (အယ်ဒီတာချုပ်)
Ayeyarwaddy Times Media