
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၉ ရက်
Facebook နဲ့ Instagram အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းအချို့ကို ပိတ်ပင်တဲ့ အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ နီပေါနိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ရာ လူ ၁၉ ဉီး သေဆုံးခဲ့ပါ တယ်။
YouTube နဲ့ X အပါအဝင် လူမှုကွန်ရက်ပလက်ဖောင်းတွေကို ပိတ်ပင်တဲ့ နီပေါအစိုးရရဲ့ ဆုံး ဖြတ်ချက်ကို လက်တုံ့ပြန်မှုအဖြစ် ခတ္တမန္ဒူနဲ့ အခြားမြို့တွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဆန္ဒပြသူအချို့က ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ (၃၀၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေ သန္တရမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဆိုပါလူမှုကွန်ရက် ပလက်ဖောင်းအော်ပရေတာတွေက အာဏာပိုင်တွေထံ မှတ်ပုံတင်ရမယ့် အစိုးရရဲ့တောင်းဆိုချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ယခုလို လူမှုကွန်ရက်ပလက်ဖောင်းတွေကို ပိတ်ပင်ရတာဟာ ဆိုက်ဘာနဲ့ အမုန်းတရား ရာဇ ဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ကြောင်း နီပေါ အာဏာပိုင်တွေက ပြောပါတယ်။
ဆန္ဒပြသူတွေက ရဲတပ်ဖွဲ့ရဲ့ အတားအဆီးတွေကို ချိုးဖျက်တာကို ရုပ်သံဖိုင်တွေထဲမှာ မြင်တွေ့ရ ပြီး လွှတ်တော်အဆောက်အအုံအပြင်ဘက်မှာ စုဝေးခဲ့တဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည် ယိုဗုံးနဲ့ ပစ်ခတ်တဲ့ရုပ်သံကို မှတ်တမ်းတင်ထားပါတယ်။
လူထုဆန္ဒပြပွဲကို တုံ့ပြန်ဖို့အရေး ဆွေးနွေးဖို့ နီပေါအစိုးရက အရေးပေါ် အစိုးရအဖွဲ့ အစည်းအ ဝေးတစ်ရပ် ကျင်းပမှာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; 19 killed in protest over Nepal’s social media policy