
ဧရာဝတီတိုင်းမ်
(တောင်ငူ) စက်တင်ဘာ ၁၀ ရက်
ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် ခိုးမှုများပိုမိုဖြစ်ပွားနေပြီး သူခိုးများသောင်းကျန်းနေ၍ မြို့ခံများက စိုးရိမ်ပူပန်လျက်ရှိကြောင်း တောင်ငူမြို့ခံများထံမှ သိရသည်။
အဆိုပါခိုးမှုများသည် မိုးရွာသည့်ညများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး အချို့ရပ်ကွက်များတွင် ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ဆင်းမ်ကတ်နှင့် ငွေသားများ အခိုးခံရမှုများ ရှိသည်။ အချို့အိမ်များတွင်မူ တိုက်ကြက် အကောင် ၄၀ အထိ တစ်ညတည်း အခိုးခံရသည့် ဖြစ်စဉ်များပင် ရှိသည်ဟု မြို့ခံများက ဆိုသည်။
“၇ ရက်(စက်တင်ဘာ )နေ့ညက ကျွန်တော့်ဈေးဆိုင် အဖောက်ခံရတယ်။ ပစ္စည်းအချို့နဲ့ ငွေသားအချို့ ပါသွားတယ်။ ကျွန်တော့်မိတ်ဆွေတစ်ဦးဆို တိုက်ကြက် အကောင် ၄၀ တစ်ညတည်း အခိုးခံရတာ” ဟု အမည်မဖော်လိုသည့် တောင်ငူမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုကဲ့သို့ ခိုးမှုများ သောင်းကျန်းနေခြင်းသည် လောင်းကစားဝိုင်းများနှင့် မူးယစ်ဆေးဝါးများ ကြောင့်ဖြစ်နိုင်ကြောင်း မြို့ခံအချို့က သုံးသပ်ဝေဖန်ပြောဆိုသည်။
ဓာတ်ပုံ-CJ
ပုံစာ – တစ်ညတည်း တိုက်ကြက်အကောင် ၄၀ အခိုးခံရသော ခြံကိုတွေ့ရစဉ်။