ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမဆန်သော ထိုးစစ်ဆင်မှုတွေ အဆုံးသတ်ဖို့နဲ့ ရိုဟင် ဂျာတွေ ဘေးကင်းလုံခြုံစွာနဲ့ နေရပ်ပြန်နိုင်ဖို့ အချက် (၇) ချက်ပါ အဆိုပြုချက်တစ်ခုကို ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရ အကြီးအကဲ မိုဟာမက်ယူနွတ်စ်က ထုတ်ပြန်လိုက်ပါတယ်။

ကာလကြာမြင့်ပြီဖြစ်တဲ့ ရိုဟင်ဂျာအကျပ်အတည်း အဖြေရှာဖို့ တနင်္ဂနွေနေ့က ကော့ဘဇားမှာ စတင်ခဲ့တဲ့ တစ်ကမ္ဘာလုံးမှ သက်ဆိုင်သူတွေ ပါဝင်သော “Stakeholder Dialogue” လို့ အမည်ပေးထား တဲ့ သုံးရက်ကြာ နိုင်ငံတကာညီလာခံမှာ သူက အခုလို အဆိုပြုခဲ့တာပါ။

အချက် (၇) ချက်ပါ အဆိုပြုချက်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး၊ လုံလောက်သော ငွေကြေး ထောက်ပံ့ရေး၊ မြန်မာအာဏာပိုင်တွေနဲ့ အာရက္ခတပ်တော်ရဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေးနဲ့ ရိုဟင် ဂျာအခွင့်အရေး ဆွေးနွေးဖို့ ပလက်ဖောင်းတစ်ခု ထူထောင်ရေးတို့ ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသန့်စင်မှု ရပ်တန့်ရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အာ ဆီယံအဖွဲ့ရဲ့ အခန်းကဏ္ဍ ပိုမိုပါဝင်ရေးနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်စုအပေါ် စစ်ရာဇဝတ် မှုတွေ အဆုံးသတ်ရေး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ကြားဖြတ်အစီအမံတွေ ဖော်ဆောင်ဖို့ အ ဆိုပြုချက်က တောင်းဆိုထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံမှာ လူမျိုးတုံးသန့်စင်မှု တိုက်ဖျက်ရေးမှာ အခန်းကဏ္ဍတစ်ခုမှ ပါဝင်တယ်လို့ မိုဟာမက်ယူနွတ်စ်က ပြောပါတယ်။

“အဖွဲ့အစည်းအားလုံးဟာ နောက်ထပ် ကြန့်ကြာမှုမရှိဘဲ ပြတ်သားသော စိတ်ပိုင်းဖြတ်မှုနဲ့အတူ ရိုဟင်ဂျာအရေး အဆုံးသတ်ဖို့ လုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကနေဒါ၊ ဗြိတိန်၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ နယ်သာလန်၊ အီတ လီ၊ ဖင်လန်၊ ပြင်သစ်နဲ့ သြစတြေးလျသံရုံးတွေဟာ တနင်္လာနေ့က ပူးတွဲ ကြေညာချက်တစ်ရပ် ထုတ် ပြန်ကာ အကြမ်းဖက်မှုပုံစံအားလုံး ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီ အဟန့်အတားမရှိ ပေး အပ်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရှိန်မြှင့်လာတဲ့ မြန်မာစစ်ကော်မရှင်နဲ့ လက် နက်ကိုင်အဖွဲ့တွေကို အဆိုပါနိုင်ငံတွေက ရှုတ်ချခဲ့ပြီး မှားယွင်းပြီး ဖမ်းဆီးခံရသူတွေကို လွှတ်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Bangladesh presents 7-point proposal for return of 1.3M Rohingya to Myanmar