ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

နော်ဝေနိုင်ငံက ယူကရိန်းသို့ ဒေါ်လာ ၆၉၅ သန်းနဲ့ညီမျှတဲ့ ခရိုနာ ၇ ဘီလီယံတန်ကြေးရှိ လေ ကြောင်းရန်ကာကွယ်ရေးစနစ် ထောက်ပံ့ပေးသွားမယ်လို့ နော်ဝေအစိုးရက ပြောပါတယ်။

နော်ဝေအစိုးရက ဂျာမနီနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ကာ ယူကရိန်းသို့ လေကြောင်းရန်ကာကွယ် ရေးစနစ် ပေးအပ်သွားမယ်လို့ သိရပါတယ်။

“ယူကရိန်းနိုင်ငံက လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လက်ခံရရှိဖို့ ကျွန်တော်တို့ ဂျာမနီ နိုင်ငံနဲ့အတူ လုပ်ဆောင်နေပါတယ်” လို့ နော်ဝေဝန်ကြီးချုပ် ဂျိုးနတ်စ်ဂါစတိုးလ်က ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောပါတယ်။

နော်ဝေနဲ့ဂျာမနီဟာ ဒုံးကျည်တွေ အပါအဝင် ပက်ထရီးယော့ဒုံးခွင်းစနစ်နှစ်ခု ယူကရိန်းသို့ ပူးတွဲ ထောက်ပံ့ဖို့ စီစဉ်နေပါတယ်။

နော်ဝေနိုင်ငံဟာ ဂျာမနီစစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Hensoldt မှ လေကြောင်းရန် ကာ ကွယ်ရေးရေဒါတွေနဲ့ နော်ဝေကုမ္ပဏီ Kongsberg မှ ဒုံးခွင်းစနစ်တွေဝယ်ယူမှာ ဖြစ်ပါတယ်။

ဒီနှစ်နွေရာသီမှာ ယူကရိန်းသို့ ပေးအပ်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူထားတဲ့ ပက်ထရီးယော့ ဒုံးခွင်းစနစ်နှစ်ခုဟာ လက်ရှိမှာ ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – Anadolu
Ref; Norway pledges $695M air defense package for Ukraine