ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

ရုရှားတပ်ဖွဲ့တွေဟာ ဒုံးကျည်တွေ၊ ဒရုန်းတွေ အသုံးပြုပြီး ယူကရိန်းနိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှု တွေ ဆက်လုပ်နေပြီး ရုရှားနဲ့ယူကရိန်းကြား ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့ စီစဉ် ခြင်းအားဖြင့် စစ်ပွဲ အဆုံးသတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြိုးစားနေပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ငြင်းဆန်ပါက အကျိုးဆက်တွေ ရှိ သင့်တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားပြီး ဒေါ်နယ်ထရမ့်က ပို၍ပြင်းထန်သော ဒဏ် ခတ်ပိတ်ဆို့မှုတွေနဲ့ လက်တုံ့ပြန်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ဇီလန်စကီးက ဆွစ်ဇာလန် သို့မဟုတ် ဩစတြီးယားလိုမျိုး ကြားနေ ဉရောပတိုင်းပြည်တစ်ခုမှာ ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်လာရေး ကြိုးပမ်းနေတယ်လို့ ယူကရိန်းမီဒီယာ တွေက ဖော်ပြပါတယ်။

နှစ်ပတ်အတွင်း ထိပ်သီးဆွေးနွေးပွဲ ဖြစ်မြောက်လာဖို့ ဉရောပခေါင်းဆောင်တွေက မျှော်လင့်ပေ မယ့် ဆွေးနွေးပွဲဖြစ်လာဖို့ မလွယ်ကူဘူးလို့ ကျွမ်းကျင်သူတစ်ဉီးက ပြောပါတယ်။

လက်ရှိစစ်ပွဲ ပြီးဆုံးပါက ယူကရိန်းနိုင်ငံ နောက်တစ်ကြိမ် တိုက်ခိုက်ခံရနိုင်တာကြောင့် လုံခြုံရေး အာမခံချက်တစ်ခုရှိဖို့ ဉရောပခေါင်းဆောင်တွေက ဆွေးနွေးနေပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းသို့ စစ်ရေးအကူအညီ ပေး မပေး ၂၄ နာရီအတွင်း ဆုံးဖြတ် မှာဖြစ်ပြီး ဉရောပမြေပြင်တပ်ဖွဲ့အတွက် အမေရိကန်နိုင်ငံက လေကြောင်းပစ်ကူ ပေးဖွယ်ရှိတယ်လို့ ဒေါ် နယ်ထရမ့်က ပြောပါတယ်။

ယူကရိန်းအတွက် နေတိုးအဖွဲ့ဝင်ဖြစ်ရေးဟာ ရွေးချယ်စရာတစ်ခု မဟုတ်ပေမယ့် စစ်ရေးအကူ အညီပေးတဲ့နည်းလမ်းကို အစားထိုးစရာနည်းတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာရော့ဗ်ဟာ ကြာသပတေးနေ့က မော်စကိုမြို့တော်မှာ အ ဆိုပြုချက်ကို ရှုတ်ချခဲ့ပြီး အလုံးစုံ ပယ်ချမယ်လို့ ဆိုပါတယ်။

ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ အဆင်သင့်ရှိတယ်ဆိုတာ ပူတင်က ပြောကြားခဲ့ပြီးဖြစ်တယ်လို့ ၎င်းက ထောက်ပြခဲ့ပါတယ်။

ကိုးကား – NHK
Ref; Zelenskyy: Tougher US sanctions if Putin refuses summit