
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
ထိုင်းအချုပ်အခြာအာဏာကို ချိုးဖောက်ရာမှာ စစ်တပ်ကို အသုံးချမှုစွဲချက်တွေနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်နဲ့ သူ့ရဲ့သား လက်ရှိဝန်ကြီးချုပ် ဟွန်မာနက်တို့ကို ဉပဒေအရ အရေးယူဖို့ ထိုင်းနိုင်ငံက ပြင်ဆင်နေပါတယ်။
ကမ္ဘောဒီးယားခေါင်းဆောင်နှစ်ဉီးအား အရေးယူမယ့်အစီအစဉ်ကို ယာယီဝန်ကြီးချုပ် ဗီချာရာ ချိုင်းက ဩဂုတ်လ ၁၈ ရက်မှာ အမျိုးသားလုံခြုံရေးကောင်စီနဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်အပြီးမှာ ကြေညာခဲ့တာပါ။
ကမ္ဘောဒီးယားနဲ့ နယ်စပ်အရေး စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်နေစဉ် ထိုင်းနိုင်ငံသား တွေနဲ့ ၎င်းတို့ရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေအပေါ် ကမ္ဘောဒီးယားစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် သက်ရောက်မှု တွေကို ဖြေရှင်းဖို့ ထိုင်းအစိုးရက အရေးယူသွားမယ်လို့ ဗီချာရာချိုင်းက ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့နဲ့ အမှတ် ၃ ပြည်နယ်ရဲတပ်ဖွဲ့က နိုင်ငံသားတွေနဲ့ အစိုးရဌာနတွေရဲ့ တိုင်တန်းမှု တွေကို လက်ခံဖို့ အဓိကနေရာတွေအဖြစ် ဆောင်ရွက်မယ်လို့ ၎င်းက ရှင်းပြပါတယ်။
အမှုအားလုံးကို ထိုင်းနိုင်ငံရဲ့ ရှေ့နေအဖြစ် ဆောင်ရွက်ကာ တရားစွဲဆိုမှုတွေကို ကြီးကြပ်မယ့် ရှေ့နေချုပ်ရုံးသို့ တင်ပြမယ်လို့ သိရပါတယ်။
ဉပဒေအရ အရေးယူမှုဟာ ထိုင်းဉပဒေအရ တင်းကျပ်စွာ လုပ်ဆောင်မယ့် ပြည်တွင်းရေးတစ်ခု ဖြစ်လာမယ်လို့ ဗီချာရာချိုင်းက ဆက်ပြောပါတယ်။
“အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ တရားစီရင်ပိုင်ခွင့်ကို ကျွန်တော်တို့ လက်သင့်မခံလို့ အ မှုကို ICJ မှာ တရားစွဲဆိုမှာ မဟုတ်ပါဘူး” လို့ သူက ဆိုပါတယ်။
ကမ္ဘောဒီးယားခေါင်းဆောင်တွေကို တရားစွဲဆိုတာဟာ ထိုင်းပြည်သူတွေနဲ့ ပြည်သူပိုင်ပစ္စည်း တွေအပေါ် တိုက်ခိုက်မှုတွေကို ဖြေရှင်းမယ့် သင့်တော်သော အစီအမံတစ်ခုလို့ ၎င်းက ပြောပါတယ်။
တရားစွဲဆိုခံရသူတွေ ထိုင်းပိုင်နက်ထဲဝင်လာရင် ယာယီထိန်းသိမ်းဖို့ ဖမ်းဝရမ်းတွေ ထုတ်သွား မယ်လို့ သူက သတိပေးခဲ့ပါတယ်။
ဟွန်ဆမ် အပါအဝင် ကမ္ဘောဒီးယား နိုင်ငံရေးသမားတွေရဲ့ ဘဏ္ဍာရေးကွန်ရက်တွေကို ခြေရာခံဖို့ နဲ့ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းရာမှာ အဆိုပါကိစ္စကို လူသိရှင်ကြား ဆွေးနွေးဖို့ မသင့် တော်တာကြောင့် တစ်ဆင့်ချင်း စဉ်းစားမယ်လို့ ဗီချာရာချိုင်းက ဖြေကြားခဲ့ပါတယ်။
ကိုးကား – The Nation Thailand
Ref; Thailand prepares to sue Cambodian leaders over border conflict