ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်

ရှမ်းမြောက်ရှိ သီပေါမြို့ကို စစ်ကော်မရှင်က လေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဩဂုတ် ၁၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် သီပေါမြို့ရှိ အနောက်ရပ်နှင့် တောင်မြို့ရပ်ကွက်ကို စစ်ကော်မရှင်က ပေါင် ၅၀၀ ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ဒေသခံ ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ကိုးလုံးထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

“အနောက်ရပ်ကိုအရင်ကြဲချတာ။ ပြီးတော့ တောင်မြို့ကို ကြဲတာ”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကော်မရှင်က TNLA ထိန်းချုပ်ထားသည့် မြို့နယ်များကို လေကြောင်းမှ နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံပြည်သူများကို ပစ်မှတ်ထားကာ ရည်ရွယ် ချက်ရှိရှိတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

လာမည့်ရက်ပိုင်းအတွင်း စစ်ကော်မရှင်နှင့် TNLA တို့ တရုတ်နိုင်ငံတွင် တွေ့ဆုံဆွေး‌နွေးကြမည်ဖြစ်ကြောင်း သတင်းရင်းမြစ်အချို့ထံမှ သိရသည်။