
ကျော်ဝါးဘိုးဘုရားအနီး တပ်စွဲထားသော စစ်ကောင်စီတပ်အား Federal Wings ဒရုန်းတပ်ဖွဲ့က ဒရုန်းနှင့်တိုက်ခိုက် ( ရုပ်/သံ)
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၃၁ ရက်
ကရင်ပြည်နယ်၊ မြဝတီ – ဝေါလေကားလမ်းပေါ်ရှိ ကျော်ဝါးဘိုးဘုရားအနီး တပ်စွဲထားသော စစ်ကောင်စီတပ်အား ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA လက်အောက်ရှိ ကော်ဘရာ စစ်ကြောင်းနှင့် Federal Wings ဒရုန်းတပ်ဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ကော်ဘရာစစ်ကြောင်းနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့ ည ၁၂ နာရီခန့်တွင်လည်း ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာခံဗိုလ် ၁ ဦး၊ တပ်ကြပ်ကြီး ၁ ဦး စုစုပေါင်း ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် အခြားသော အရာရှိ ၂ ဦး၊ အခြားအဆင့် ၃ ဦး၊ စုစုပေါင်း ၅ ဦး ပြင်းထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – Federal Wings and Cobra Column
#Ayeyarwaddy_Times