
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
ရုရှားနိုင်ငံရဲ့ Su-30SM ဂျက်တိုက်လေယာဉ်တစ်စင်း ပင်လယ်နက်အတွင်းရှိ မြွေကျွန်းအနီး ပျက်ကျခဲ့ပြီး လေယာဉ်အပျက်အစီးတွေ တွေ့ရှိခဲ့ပေမယ့် လေယာဉ်မှူးတွေ မတွေ့ရဘူးလို့ ယူကရိန်းရေ တပ်ဖွဲ့က ပြောပါတယ်။
ယူကရိန်း ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ခိုင်လိုဘူဒါနော့ဗ် မကြာ သေးမီက သွားရောက်လည်ပတ်ခဲ့တဲ့ မြွေကျွန်းဟာ ရုရှားထံမှ ယူကရိန်းက ပြန်လည်သိမ်းပိုက်ထားတဲ့ အရေးပါသော နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။
ယူကရိန်းရေတပ်ဖွဲ့ဟာ မြွေကျွန်းအရှေ့တောင်ဘက်မှာ မစ်ရှင်တစ်ခုအတွင်း Su-30SM ဂျက် တိုက်လေယာဉ်တစ်စင်း အဆက်အသွယ်ပြတ်တောက်တဲ့အကြောင်း ရေဒီယိုဆက်သွယ်မှုကို ကြားဖြတ် ဖမ်းနိုင်ခဲ့ပါတယ်။
ရုရှားတပ်ဖွဲ့က ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့ရာ လေယာဉ်အပျက်အစီးတွေ ကို ပင်လယ်ပြင်မှာ တွေ့ရှိခဲ့ပေမယ့် လေယာဉ်မှူးတွေကိုတော့ မတွေ့ရှိခဲ့ပါဘူး။
ပျက်ကျဂျက်တိုက်လေယာဉ်ဟာ ခရိုင်းမီးယားဒေသရှိ ဘဲဘတ်လေယာဉ်ကွင်းမှာ အခြေစိုက်ပြီး ရုရှားရဲ့ ပင်လယ်နက်ရေယာဉ်စုက ပိုင်ဆိုင်တယ်လို့ သိရပါတယ်။
Su-30SM ဟာ ရုရှားနိုင်ငံ၊ Irkut ကော်ပိုရေးရှင်းက ထုတ်လုပ်သော စတုတ္ထမျိုးဆက် ဘက်စုံ သုံးဂျက်တိုက်လေယာဉ်တစ်မျိုး ဖြစ်ပါတယ်။
Su-30SM ဂျက်တိုက်လေယာဉ်ဟာ ပဲ့ထိန်းဒုံးကျည်တွေ၊ ဗုံးတွေ အပါအဝင် စစ်လက်နက် ကီလို ဂရမ် ၈၀၀၀ အထိ သယ်ဆောင်နိုင်ပါတယ်။
ကိုးကား – Kyiv Post
Ref; $50M Russian Fighter Crashes in Black Sea