ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၂ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို မဖြုတ်ချနိုင်သရွေ့ မယုံကြည်ရဘူးလို့ ဗြိတိန်ဝန်ကြီးချုပ် ကီ ယာစတန်မာက သတိပေးခဲ့ပြီး ယူကရိန်းအရေး မည်သည့် ငြိမ်းချမ်းရေး သဘောတူညီချက်မျှ ရရှိမှာမ ဟုတ်ဘူးလို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ အလက်စကား၌ ပူတင်နဲ့တွေ့ဆုံဖို့ ပြင် ဆင်နေစဉ် ငြိမ်းချမ်းရေးရရှိသည်အထိ ယူကရိန်းနဲ့ ဗြိတိန်က ရပ်တည်မယ်လို့ ၎င်းက ပြောပါတယ်။

စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်မှာ ရုရှားသို့ ပိုင်နက်နယ်မြေ ပေးအပ်ရေးပါဝင်ဖို့ ဒေါ် နယ်ထရမ့်ရဲ့ အကြံပြုချက်ကို ယူကရိန်းသမ္မတ ဇီလန်စကီးက ပယ်ချခဲ့ရာ ဗြိတိန်နဲ့ ဉရောပတိုင်းပြည် တွေက ယူကရိန်းကို ထောက်ခံခဲ့ပါတယ်။

ယူကရိန်းက ရုရှားကို မည်သည့်ဆုချီးမြှင့်မှုမျှ ပြုလုပ်မှာမဟုတ်သလို ယူကရိန်းပြည်သူတွေက ကျူးကျော်သူတွေကို နယ်မြေပေးမှာမဟုတ်ဖူးလို့ ဇီလန်စကီးက ပြောပါတယ်။

“ပူတင်ကို မဖြုတ်ချနိုင်သရွေ့ ဘယ်တော့မှ သူ့ကို မယုံကြည်ပါနဲ့။ ကျွန်တော်တို့ ယူကရိန်းကို ပံ့ပိုးကူညီမှာဖြစ်ပါတယ်။ ကျွန်တော်တို့ သမ္မတ ဒေါ်နယ်ထရမ်နဲ့ ဉရောပတိုင်းပြည်တွေကို ထောက်ခံမှာ ပါ” လို့ ကီယာစတန်မာက ပြောပါတယ်။

ငြိမ်းချမ်းရေး သဘောတူညီချက် ကျိုးပျက်ပါက လုံခြုံရေးအာမခံချက်ရှိစေဖို့ ကီယာစတန်မာ ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်း ပြင်သစ်အပါအဝင် တိုင်းပြည်ခေါင်းဆောင်အချို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ပါတယ်။

ငြိမ်းချမ်းရေးရရှိချိန်အထိ ယူကရိန်းနဲ့ ဗြိတိန်က ရပ်တည်မှာဖြစ်သလို ကျူးကျော်မှုကို ဆုချီးမြှင့် သို့မဟုတ် အချုပ်အခြာအာဏာကို အပေးအယူမလုပ်ဖူးလို့ ကီယာစတန်မာက ပြောပါတယ်။

ကိုးကား – Independent
Ref; Putin cannot be trusted ‘as far as you could throw him,’ Starmer warns