
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်
မုတ်သုံလေအားကောင်းမှုနှင့်အတူ လေထုမငြိမ်သက်မှုများကြောင့် ယခုတစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးကြီးနေမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ရှိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ထုတ်ပြန်သည်။
ယနေ့ ဩဂုတ် ၁၁ မှ ၁၆ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်ဖြစ်သည်။
ထို့ပြင် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ကရင်နီ (ကယား)ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲမိုးကြီးနိုင်မည်ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
ယင်းပြင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများသတိပြုကြရန် နှိုးဆော်မှုများလည်း ရှိနေသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ကိုးပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း
လက်ရှိတွင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့နှင့် သံလွင်မြစ်ရေသည် ဘားအံ့မြို့တို့တွင် လာမည့်တစ်ရက်အတွင်း နှစ်လက်မ ရေကျနိုင်သော်လည်း စိုးရိမ်ရေမှတ်ဆက်လက်တည်ရှိနိုင်ပြီး ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် နန်းယင်းမြစ်ရေသည် လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ထိမြင့်တက်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- လူမှုကွန်ရက်