ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၁ ရက်

အစ္စရေးအစိုးရရဲ့ ဂါဇာကမ်းမြောင်မှာ စစ်ဆင်ရေးတိုးချဲ့မယ့် အစီအစဉ်တွေကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတစ်ခု တဲလ်အဗစ်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အစ္စရေးရဲ့စစ်ဆင်ရေးကြောင့် ဂါဇာကမ်းမြောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံတွေ ကြီးမား သော အန္တရာယ်တွေ ဖြစ်စေမယ်လို့ ဆန္ဒပြသူတွေက ဆိုပါတယ်။

ဆန္ဒပြပွဲကို ဟားမာစ်အဖွဲ့ ပြန်ပေးဆွဲခံထားရသူတွေရဲ့ မိသားစုဝင်တွေ တက်ရောက်မှုနဲ့အတူ စ နေနေ့က တဲလ်အဗစ်မြို့တော်မှာ ပြုလုပ်ခဲ့တာပါ။

စနေနေ့ ဆန္ဒပြပွဲမှာ ပြည်သူထောင်နဲ့ချီ ပါဝင်ခဲ့ပြီး အချို့က ဓားစာခံတွေရဲ့ဓာတ်ပုံတွေကို ကိုင် ဆောင်ကာ “ဓားစာခံတွေကို အမြန်ဆုံး အိမ်ပြန်ခေါ်ပေး” လို့ သံပြိုင်ဟစ်ခဲ့ကြတယ်လို့ အစ္စရေးမီဒီယာ တွေက ဖော်ပြခဲ့ပါတယ်။

သဘောတူညီချက်နဲ့ သို့မဟုတ် လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်မှုကြောင့် ဓားစာခံအားလုံး လွှတ်ပေးဖို့ ဂါဇာမှာ ထိန်းသိမ်းခံထားရဆဲ ဓားစာခံ ၅၀ အနက် တစ်ဉီးဖြစ်သူရဲ့ ချစ်သူအမျိုးသမီးက တောင်းဆိုခဲ့ပါတယ်။

အစ္စရေးနိုင်ငံမှာ စစ်တပ်ရဲ့ ဂါဇာမှာ စစ်ဆင်ရေးတိုးချဲ့မယ့် အစီအစဉ်ကို ပြည်သူတွေက ပိုပြီး ဆန့်ကျင်လာကြပါတယ်။

အစ္စရေးနိုင်ငံက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သို့မဟုတ် ဓားစာခံ သဘောတူညီ ချက် လုပ်ဆောင်သင့်တယ်လို့ ပြည်သူ ၅၇ ရာခိုင်နှုန်းက ယူဆကြောင်း ဒေသန္တသတင်းစာတစ်ခုဖြစ်တဲ့ Maariv ကလုပ်တဲ့ စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; Mass rally in Tel Aviv against expansion of Israeli military operations