ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၀ ရက်

စနေနေ့မနက်ပိုင်းက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် လှည့်ကင်းဆောင်ရွက်စဉ် မြေ မြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ ထိုင်းစစ်သားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောကြားခဲ့ပါ တယ်။

ထိုင်းတပ်ဖွဲ့ဝင်တွေက ဆီဆာကတ်ပြည်နယ်မှာ လှည့်ကင်းဆောင်ရွက်ကာ နယ်စပ်လုံခြုံရေးအ တွက် သံဆူးကြိုးတွေတပ်နေစဉ် မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့တာလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

ယခုဖြစ်စဉ်ကြောင့် ကမ္ဘောဒီးယားနိုင်ငံက နယ်စပ်တစ်လျှောက် ပိတ်ပင်ထားတဲ့လက်နက်တွေ ဆက်လက်အသုံးပြုနေတာကို ပြသခဲ့တယ်လို့ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဝင်ထိုင်းဆူဗာရီးက ပြောပါတယ်။

ယခုဖြစ်စဉ်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ မိုင်းအသုံးပြုမှုပိတ်ပင်ရေးကွန်ဗင်းရှင်း သို့မဟုတ် အော့ တဝါကွန်ဗင်းရှင်းကို ချိုးဖောက်မှုဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

“မြေမြှုပ်မိုင်းပေါက်ကွဲမှုဟာ အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ဖို့နဲ့ ငြိမ်းချမ်းသောနည်းလမ်းမှ တစ်ဆင့် ပဋိပက္ခဖြေရှင်းဖို့ အဓိက အတားအဆီးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ထိုင်းစစ်သားသုံးဉီး ဒဏ်ရာရစေခဲ့တဲ့ မိုင်းတွေကို ကမ္ဘောဒီးယားနိုင်ငံက ထောင်ထားခဲ့တာဆိုတဲ့ ထိုင်းနိုင်ငံရဲ့စွပ်စွဲချက်ကို ကမ္ဘောဒီးယားနိုင်ငံက အပြင်းအထန် ငြင်းဆန်ခဲ့ပါတယ်။

“ကမ္ဘောဒီးယားနိုင်ငံရဲ့ ရပ်တည်ချက်က ပြတ်သားပါတယ်။ ကမ္ဘောဒီးယားက မြေမြှုပ်မိုင်းသစ် တွေ မထောင်ခဲ့ပါဘူး” လို့ ကမ္ဘောဒီးယားနိုင်ငံက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အထောက်အထားမခိုင်လုံသော စွပ်စွဲချက်တွေဟာ အပစ်အခတ်ရပ်စဲရေးအရ ထူထောင်ထားတဲ့ ပူးပေါင်းဆောင်ရွက်မှုစိတ်ဓာတ်ကို ထိခိုက်စေယုံသာမက အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှု အ လိုအပ်ဆုံးအချိန်မှာ ယုံကြည်မှုကို ပျက်ပြားစေတယ်” လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – Xinhua
Ref; Thailand claims 3 soldiers injured by landmine along border, Cambodia strongly refutes