ဧရာဝတီတိုင်းမ်
ဩဂုတ် ၇ ရက်

အမေရိကန်နိုင်ငံနဲ့ တင်းမာမှုတွေ မြင့်တက်လာစဉ် တရုတ်နဲ့ သံတမန်ဆက်ဆံရေး တိုးတက် လာတဲ့ လက္ခဏာတစ်ခုအဖြစ် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ ၇ နှစ်ကျော်အတွင်း ပထမဆုံးအ ကြိမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်မယ်လို့ အစိုးရ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ယခုလ ၃၁ ရက်မှာစတင်မယ့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ဖို့ မိုဒီဟာ တရုတ်နိုင်ငံသို့ သွားရောက်မယ်လို့ အစိုးရ သတင်းရင်းမြစ်က ပြောပါ တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိန္ဒိယကုန်စည်တွေအပေါ် မြင့်မားသော စည်းကြပ်ခွန် သတ်မှတ်ကာ နယူးဒေလီက ရုရှားမှ ရေနံဆက်ဝယ်ပါက အရေးယူမယ်လို့ ခြိမ်းခြောက်ပြီးနောက် အိန္ဒိယက နှစ်များစွာအတွင်း အမေရိကန်နဲ့ တင်းမာမှုတွေ ဖြစ်နေစဉ် သူ့ရဲ့ခရီးစဉ် ဖြစ်လာတာပါ။

ရုရှားနိုင်ငံပါဝင်တဲ့ ယူရေးရှား နိုင်ငံရေးနဲ့ လုံခြုံရေးအဖွဲ့တစ်ခုဖြစ်တဲ့ SCO ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ တရုတ်နိုင်ငံ၊ တီယန်ကျင်းမြို့သို့ မိုဒီရဲ့ခရီးစဉ်ဟာ ၂၀၁၈ ခုနှစ်၊ ဇွန်လနောက်ပိုင်း ပထမ ဆုံးအကြိမ် ဖြစ်လာမှာဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ အငြင်းပွား ဟိမဝန္တာနယ်စပ်တစ်လျှောက် စစ်ရေး ထိပ်တိုက်တွေ့ဆုံမှု ဖြစ် ပွားပြီးနောက် တရုတ်-အိန္ဒိယဆက်ဆံရေး သိသာစွာ ဆိုးရွားလာခဲ့ပါတယ်။

နှစ်နိုင်ငံကြား စီးပွားရေးဆက်ဆံမှုနဲ့ ခရီးသွားလုပ်ငန်းကို ထိခိုက်စေခဲ့တဲ့ တင်းမာမှုတွေ လျှော့ချ ဖို့ အာရှအင်အားကြီး တရုတ်နဲ့အိန္ဒိယက ကြိုးပမ်းနေပါတယ်။

မိုဒီနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ရုရှားနိုင်ငံမှာကျင်း ပတဲ့ BRICS ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ဆန့်ကျင်ရေး မူဝါဒတွေ လုပ်ဆောင်နေတဲ့ အိန္ဒိယအပါအဝင် BRICS အဖွဲ့ဝင်နိုင်ငံ များမှ သွင်းကုန်တွေအပေါ် ထပ်တိုးစည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း သတ်မှတ်ဖို့ ဒေါ်နယ်ထရမ့်က ခြိမ်း ခြောက်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; India’s Modi to visit China for first time in 7 years as tensions with US rise