ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ယခုသောကြာနေ့ သက်တမ်းကုန်မယ့် ဒဏ်ခတ်ပိတ်ဆို့မှု ရာဇသံကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အလျှော့ပေးဖွယ်မရှိဘဲ ယူကရိန်းဒေသလေးခု သိမ်းပိုက်ရေး ရည်မှန်းချက်ရှိနေဆဲဖြစ်တယ်လို့ ကရင်မလင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပူတင်က ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောမတူရင် ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ပြုလုပ်ကာ ရုရှားမှ ရေနံဝယ်ယူတဲ့တိုင်းပြည်တွေကို ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ရုရှားက စစ်ပွဲမှာ အနိုင်ရနေပြီး ယူကရိန်းစစ်ပွဲအတွင်း စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေက သက်ရောက်မှုရှိလာမယ်လို့ ရုရှားသမ္မတရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်သုံးခုက ပြောပါတယ်။

ပူတင်က ဒေါ်နယ်ထရမ့်ကို အမျက်မထွက်စေလိုပေမယ့် အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေး တိုး တက်လာစေချင်ကြောင်း၊ သူ့ရဲ့စစ်ပွဲရည်မှန်းချက်ကို ကိုင်စွဲထားဆဲဖြစ်ကြောင်း သတင်းရင်းမြစ်နှစ်ခုက ပြောပါတယ်။

ပူတင်ရဲ့ရည်မှန်းချက်မှာ ယူကရိန်းဒေသတွေဖြစ်တဲ့ ဒွန်းနက်စ်၊ လူဟန့်စ်၊ ဇာပိုရီဇီယာနဲ့ ခါဆင် တို့ကို အပြည့်အဝ သိမ်းပိုက်ပြီးမှသာ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆွေးနွေးလိုကြောင်း သတင်း ရင်းမြစ်တစ်ခုက ပြောပါတယ်။

စေ့စပ်ညှိနှိုင်းရေးမှာ ရေရှည်ငြိမ်းချမ်းရေးကို သဘောတူညီဖို့ အလေးအနက်ထားပေမယ့် နှစ် ဖက်စလုံးရဲ့ ရပ်တည်ချက်တွေက ကွဲလွဲတာကြောင့် ဆွေးနွေးမှုလုပ်ငန်းစဉ်က ရှုပ်ထွေးတယ်လို့ ရုရှားက ပြောပါတယ်။

ရုရှားရဲ့ တောင်းဆိုချက်တွေထဲမှာ ဒေသလေးခုမှ ယူကရိန်းတပ်ဖွဲ့တွေ အပြည့်အဝ ဆုတ်ခွာဖို့နဲ့ စစ်တပ်အင်အား ကန့်သတ်ဖို့ ပါဝင်ပြီး အဆိုပါတောင်းဆိုချက်တွေကို ယူကရိန်းက ပယ်ချခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Putin remains doubtful of Trump’s ultimatum to end war, sources say