
ဧရာဝတီတိုင်းမ်
ဩဂုတ် ၆ ရက်
ဂါဇာဒေသမှာ စစ်ဘက်စစ်ဆင်ရေးတွေ ဆက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေ တန်ယာဟုက ကတိပြုခဲ့ပြီး ဟားမာစ်အဖွဲ့က သဘောတူညီချက်ကို စိတ်မဝင်စားဘူးလို့ ဆိုပါတယ်။
ဟားမာစ်အဖွဲ့က ဓားစာခံအဖြစ် ထိန်းသိမ်းထားတဲ့ အစ္စရေးနိုင်ငံသားနှစ်ယောက်ရဲ့ ရုပ်သံဖိုင် တွေ ထွက်လာမှုကို တုံ့ပြန်သောအားဖြင့် ၎င်းက ရုပ်သံတစ်ခုမှာ အခုလို ပြောကြားခဲ့တာပါ။
ရုပ်သံဖိုင်တစ်ခုမှာ “အစိုးရက သူ့ကို အငတ်ခံဖို့ ဆုံးဖြတ်လိုက်ပြီ” လို့ ပုံစာ ရေးထားပြီး ရုပ်သံ ဖိုင်တွေဟာ ကြောက်မတ်ဖွယ်ရာလို့ နေတန်ယာဟုက ပြောပါတယ်။
ဂါဇာဒေသသို့ စားနပ်ရိက္ခာနဲ့ အကူအညီပေးပို့မှု တိုးမြှင့်ရေး ဟားမာစ်အဖွဲ့က အစ္စရေးနိုင်ငံကို ဖိအားပေးဖို့ ကြိုးပမ်းနေပါတယ်။
ဂါဇာဒေသမှာ အာဟာရပြတ်လပ်မှုနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေကြောင့် ဒေသခံပြည်သူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။
ဂါဇာဒေသရှိ ဓားစာခံတွေထံ စားနပ်ရိက္ခာနဲ့ ဆေးဝါးကုသမှု မြန်ဆန်စွာ ဆောင်ရွက်ပေးဖို့ နေ တန်ယာဟုက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို တောင်းဆိုခဲ့ပါတယ်။
အစ္စရေးနိုင်ငံက ဂါဇာရှိ ပြည်သူအားလုံးကို အကူအညီပေးအပ်မယ့် လူသားချင်းစာနာမှုစင်္ကြံ ဖွင့် လှစ်ကာ စားနပ်ရိက္ခာ ဖြန့်ဖြူးမှုအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းပါက ICRC နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ အဆင်သင့်ပဲလို့ ဟားမာစ်အဖွဲ့က ပြောပါတယ်။
ကိုးကား – NHK
Ref; Netanyahu renews resolve to continue fighting in Gaza after hostage videos