အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို တရုတ်က မသိကျိုးကျွန်ပြုနေ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၁ ရက်
တရုတ်နိုင်ငံဟာ မိမိအကျိုးစီးပွားကို ကာကွယ်ဖို့ ပြည်သူတွေကို နှိပ်စက်ကလူပြုနေတဲ့ မြန်မာစစ်တပ်ကို မသိကျိုးကျွန်ပြုတဲ့ ရပ်တည်ချက်ကြောင့် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ခံနေရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီးဟောင်း ထိန်းသိမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ က နှုတ်ဆိတ်နေတဲ့အတွက် ပညာရှင်တွေရဲ့ ဝေဖန်ရှုတ်ချမှု ခံခဲ့ရပါတယ်။
အခြားတိုင်းပြည်တွေနဲ့ မတူတဲ့အချက်က တရုတ်နိုင်ငံရဲ့ ဘင်္ဂလားပင်လယ်အော်သို့ ဝင်ရောက်ခွင့်ရရှိရေး ကူညီပေးနေတဲ့ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချတာမရှိခဲ့ပါဘူး။
စစ်ကောင်စီ ဘာလုပ်လုပ် တရုတ်နိုင်ငံက သည်းခံမယ်လို့ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဘီလ် ဟေတန်က ပြောပါတယ်။ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းကို ဖမ်းဆီးတာဟာ စစ်ကောင်စီက ဘာကို မှဂရုမစိုက်ဘဲ မြန်မာနိုင်ငံကို မြောက်ကိုရီးယားလိုဖြစ်အောင် ဦးတည်လုပ်နေတာလို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံက အခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးကို မစွက်ဖက်ဖူးလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး စစ်ကောင်စီအပေါ် ဖိအားပေးဖို့ တရုတ်နိုင်ငံက ပျက်ကွက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်မှာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ Save the Children မှ ဝန်ထမ်းနှစ်ဦးအပါအဝင် အရပ်သား ၃၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ မြန်မာ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက နှုတ်ဆိတ်နေပါတယ်။
တရုတ်နိုင်ငံက စစ်ဘက်ရေးရာကိစ္စတွေကို သတိထားပေမယ့် မြန်မာနိုင်ငံမှာ ဖက်စပ်လုပ်ငန်းစီမံကိန်း တွေ ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးစင်္ကြံတစ်ခု ဖော်ဆောင်မယ့်အစီအစဉ်ကို ဆက်လက်ကြိုးပမ်းနေပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင်လနှောင်းပိုင်းမှာ နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်ခဲ့တာကြောင့် မြန်မာပဋိပက္ခက အခြေအနေပိုဆိုးလာခဲ့ပါတယ်။
တရုတ်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို လျစ်လျူရှုပြီး ဖိ အားပေးဖို့ တမင်တကာ ရှောင်ရှားခဲ့ပါတယ်။
မိမိအကျိုးစီးပွားနဲ့ မြန်မာပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ တရုတ်နိုင်ငံအနေနဲ့ တစ်ကိုယ်ကောင်းဆန် မှုမရှိဘဲ ပြည်သူတွေအပေါ် အကြမ်းဖက်နေတဲ့ စစ်တပ်ကို ဖိအားပေးကာ ရွေးကောက်ခံအစိုးရထံ အာဏာပြန် အပ်နှင်းဖို့ လုပ်ဆောင်သင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။
ကိုးကား – ANI
Ref; China draws flak on keeping mum over military junta’s atrocities in Myanmar