
ဧရာဝတီတိုင်းမ်
(ရေတာရှည်)၊ ဩဂုတ် ၂ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာဆည် ရှင်းလင်းဆောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ပြီးခဲ့သည့် ဇူလိုင် ၃ဝ ရက်နေ့က တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အမှတ်-၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ခဲ့သည်။
ဆွာဆည်အနီးတပ်စွဲထားသည့် စစ်ကောင်စီစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးတစ်ဦးအပါအဝင် တပ်သား ခြောက် ဦးသေဆုံးခဲ့ ကြောင်းသိရသည်။
“အင်အား ၁၅ ယောက်လောက်ရှိတဲ့ ဆွာဆည်နားကစခန်းတစ်ခုကို ဝင်တိုက်တာပါ။ ဗျူဟာ-၂၁ အောက်ကတပ် တွေပေါ့” ဟုတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် တိုက်ပွဲပြီးနောက် အဆိုပါစစ်ကောင်စီစခန်းကို ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ငယ်ခြောက်လက်၊ လက်နက်ငယ်ကျည်များ နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၁)၊ အမှတ်(၃၅၀၁)တပ်ရင်း၊ PIO/PIA တပ်ဖွဲ့ နှင့် ACDF( Asho Chin Defense Force) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းကြောင်း ထုတ်ပြန်ထားသည်။
ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ဝှမ်းဒေသဖြစ်သည့် ကျောက်ကြီးမြို့နယ်တွင်လည်း ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့က စစ်ကောင်စီအထိုင်ချရာစခန်းများကို တိုက်ခိုက်ခဲ့ရာ တပ်သား ၁၆ ဦးဝန်းကျင် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာအများအပြားရရှိခဲ့ကြကြောင်းလည်း အမှတ်-၂ စစ်ဆင်ရေးနယ်မြေက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အမှတ်(၂)စစ်ဆင်ရေးနယ်မြေ