ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် ပစ်ခတ်မှုများတွင် အပစ်အခတ်ရပ်စဲရေးသဘောတူထားစဉ် ကမ္ဘောဒီး ယားဘက်မှ ကာမီကာဇဲဒရုန်း(အသေခံဒရုန်း)များ အသုံးပြုနိုင်ရန် ရုရှားကြေးစားစစ်သား များက အကူအညီပေးနေကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လာပြီး ထိုင်းဘက်မှ စုံစမ်းစစ်ဆေး မှုများ လုပ်ဆောင်နေကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံဘက်မှ အကူအညီပေးနေသည်ဟု ယူဆရသည့် နိုင်ငံခြားသားစစ်သားတစ်ဦး၏ ပုံမှာ လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် ထိုင်းကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Nattaphon Narkphanit က ရုရှားဘာသာစကားဖြင့် ပြောဆိုဆက်သွယ်မှုတွင် သက်သေမရှိသော်လည်း အဆိုပါကောလဟာကို ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားစစ်သားများနှင့်ဆင်တူသည့် စစ်ဝတ်စုံ ဝတ်ဆင်ထားသည့် နိုင်ငံခြားသားဓာတ်ပုံများကို ထိုင်းပြည်သူများက ရုရှားစစ်သားများဖြစ်ကြောင်း အတိအကျ ပြောဆိုနေကြပြီး ကမ္ဘောဒီးယား အနေဖြင့် ရုရှားကြေးစားများ ငှားရမ်းခဲ့ကြောင်းကို သက်ဆိုင်ရာအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဒု-ကာကွယ်ရေးဝန်ကြီးက ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါကောလာဟလများမှာ အပစ်ခတ်ရပ်စဲရေး ကြေညာပြီးနောက် ပထမနေ့၏ သန်းခေါင်ယံ အချိန်တွင် ကမ္ဘောဒီးယားမှ ထိုင်းစစ်သားများကို ပစ်မှတ်ထားကာ ဒရုန်းများဖြန့်ကျက်ထားရာမှ စတင်ခဲ့ပြီး ဒရုန်းများ၏ မူရင်းဇစ်မြစ်ကို စုံစမ်းချက်အရ ၎င်းတို့မှာ ရုရှား သိုမဟုတ် တရုတ်တွင် ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်စုံစမ်းမှုများပြုလုပ်ရာတွင် ကမ္ဘောဒီးယားဘက်ခြမ်းတွင် ရုရှားဘာသာစကားဖြင့် ပြောဆို ဆက်ဆံမှုများ ရှိခဲ့ကြောင်းတွေ့ရှိခဲ့ရပြီး ကမ္ဘောဒီးယားဘက်မှ ဒရုန်းအသုံးပြုမှုတွင် ရုရှားကြေးစားများ ပါဝင်နေကြောင်းအဆိုကို မြှင့်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်း မီဒီယာများတွင် ဖော်ပြထားသည်။

ထိုသို့ ပြောဆိုမှုများရှိနေသော်လည်း ယခုပဋိပက္ခတွင် ပြည်ပနိုင်ငံ ပါဝင်မှုကို ရှိ/မရှိကိုမူ တရားဝင် အတည်မပြုနိုင်သေးခြင်း မရှိပေ။
ကိုးကား – The Nation Thailand