စစ်ကောင်စီအပေါ် ဒဏ်ခတ်အရေးယူတာ မြန်မာပြည်သူတွေအတွက် မလုံလောက်သေးဘူးလို့ Global Witness ပြော

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၃၁ ရက်

ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု ငါးနှစ်ကြာတဲ့အခါမှာ အမေရိကန်နဲ့ဗြိတိန်က စစ်ကောင်စီရဲ့ ရေနံနဲ့ ဓာတ်ငွေ့ကဏ္ဍမှရရှိတဲ့ ဝင်ငွေကို ဖြတ်တောက်နိုင်မယ့် အခွင့်အလမ်းကို လက်လွှတ်ခဲ့ရပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ဆက်နွှယ်တဲ့ ကုမ္ပဏီတွေအပေါ် ဗြိတိန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုသစ်တွေကို ကြိုဆိုပေမယ့် မြန်မာပြည်သူတွေအတွက် လုပ်ဆောင်စရာတွေ များစွာ လိုအပ်နေပါသေးတယ်။

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ မြန်မာ စစ်တပ်ကို တာဝန်ခံဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့နဲ့ စစ်ကောင်စီကို လက်နက်တွေထောက်ပံ့နေတဲ့ ကုမ္ပဏီ တွေ၊ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံပိုင်တဲ့ ကုမ္ပဏီတစ်ခုကို ဒဏ်ခတ်အရေးယူမယ့် ရည်ရွယ်ချက်ကို ဗြိတိန် အစိုးရက ကြေညာခဲ့ပါတယ်။

အမေရိကန်နိုင်ငံကလည်း မြန်မာပြည်သူတွေအတွက် ထောက်ခံတဲ့စကားတွေကို ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ကိုထိန်လင်းတို့ကို ဖမ်းဆီးခြင်းဖြင့် စစ်ကောင်စီက အကြမ်းဖက်မှု အရှိန်မြှင့်မယ့်လုပ်ရပ်ကို ပြသခဲ့ပါတယ်။

ပြစ်မှုကျူးလွန်ထားပေမယ့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာအ သိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် အရေးယူရမှာဖြစ်ပါတယ်။

“သာလွန်ကောင်းမွန်တဲ့ ငွေကြေးအရင်းအမြစ်တွေကြောင့် စစ်တပ်က အာဏာကို ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားငွေသာမရှိဘူးဆိုရင် စစ်လေယာဉ်တွေပျံသန်းရာမှာ လိုအပ်တဲ့လောင်စာဆီနဲ့ ပြည်သူတွေ ကို သတ်ဖြတ်ရာမှာလိုအပ်တဲ့ ဗုံးတွေဝယ်ယူဖို့ စစ်ကောင်စီက ရုန်းကန်ရမှာဖြစ်ပါတယ်”လို့ Global Witness မှ အကြီးတန်းသုတေသီ

ဟန်နာဟင်စထရောင်းက ပြောပါတယ်။

မြန်မာစစ်တပ်က ငွေကြေးတွေ ဘယ်ကရနေသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ မြန်မာ့ကမ်းလွန် ဓာတ်ငွေ့လုပ်ငန်းကနေ မြန်မာစစ်တပ်ရဲ့ နိုင်ငံခြားငွေ ထက်ဝက်လောက် ရရှိနေတာဖြစ်ပါတယ်။

အမေရိကန်နဲ့ဗြိတိန်က မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အဓိက နိုင်ငံခြားငွေရပေါက်ဖြစ်တဲ့ မြန်မာ့ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်အရေးယူမှု ပြုလုပ်ထားတဲ့ ဥရောပသမဂ္ဂနဲ့ ပူးပေါင်းရမှာဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေက ထိရောက်မှုရှိတာ ကျွန်တော်တို့ သိရှိပြီးဖြစ်ပါတယ်။ ဥရောပသမဂ္ဂက ဖေ ဖော်ဝါရီလအတွင်း MOGE ကို ဒဏ်ခတ်အရေးယူမှု ပြုလုပ်ပြီးနောက် တရုတ်ဘဏ်က MOGE ကို ပေးချေရမယ့် ငွေကြေးတွေကို အခြားငွေစာရင်းတွေထဲ လွှဲပြောင်းပေးခဲ့တာကြောင့် စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်ကို ထိရောက် စွာ ဖြတ်တောက်နိုင်ခဲ့ပါတယ်။

“MOGE ကို ဒဏ်ခတ်အရေးယူမှု ပြုလုပ်တာဟာ အမေရိကန်နဲ့ဗြိတိန်အတွက် မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို တိုက်ရိုက် အကျိုးသက်ရောက်စေနိုင်နဲ့ နည်းလမ်းအနည်းငယ်ထဲက တစ်ခုဖြစ်တာကြောင့် ချက်ချင်း လုပ်ဆောင် သင့်ပါတယ်” လို့ ဟန်နာက ပြောပါတယ်။

ကိုးကား – Global Witness

Ref; Myanmar: New sanctions welcome, but not enough