ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်

ကမ္ဘောဒီးယားနဲ့ နယ်စပ်ပဋိပက္ခမှာ ဓာတုလက်နက်တွေ အသုံးပြုတယ်ဆိုတာကို ထိုင်းနိုင်ငံက ဇူလိုင်လ ၂၈ ရက်မှာ ငြင်းဆန်ခဲ့ပြီး အခြေအမြစ်မရှိသော စွပ်စွဲချက်အဖြစ် ရှုတ်ချလိုက်ပါတယ်။

“ဒီစွပ်စွဲချက်ဟာ အခြေအမြစ်မရှိဘဲ မြေပြင်အချက်အလက်တွေနဲ့ လိုရာဆွဲပြောဆိုဖို့ ရည်ရွယ် ကာ ထိုင်းနိုင်ငံရဲ့ အများယုံကြည်လက်ခံနိုင်စွမ်းကို ထိခိုက်စေပါတယ်” လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာ နက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ထိုင်းတပ်ဖွဲ့ဟာ တိုက်ခိုက်မှုအတွင်း ဓာတုလက်နက်တွေ အသုံးပြုခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ မာလိုင်ဆိုချက်တာက အစောပိုင်းမှာ စွပ်စွဲခဲ့ပါတယ်။

“ထိုင်းလေယာဉ်ဟာ ဇူလိုင်လ ၂၇ ရက်က အငြင်းပွားနယ်မြေတွေမှာ အဆိပ်မီးခိုးတွေ ထုတ်ခဲ့ တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်အရ သိရပါတယ်” လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ် မာနက်ရဲ့ဇနီးသည်က မီးခိုးငွေ့ ထုတ်လွှတ်နေတဲ့ လေယာဉ်တစ်စင်းပုံကို လူမှုကွန်ရက် Facebook မှာ မျှဝေခဲ့ပါတယ်။

“ထိုင်းနိုင်ငံဟာ လက်နက်ဖျက်သိမ်းရေး၊ အစုလိုက်အပြုံလိုက် လက်နက်တွေ မပြန့်ပွားရေးဆိုင် ရာ အပြည်ပြည်ဆိုင်ရာစည်းမျဉ်းတွေကို အပြည့်အဝ လိုက်နာဖို့ သံန္နိဌာန်ချထားပါတယ်” လို့ ထိုင်း နိုင် ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ပယ်ချကြောင်း တော်ဝင်ထိုင်းလက် နက်ကိုင်အဖွဲ့က ပြောပါတယ်။

“အခုလိုမျိုး စွပ်စွဲချက်ကို အလေးထား မှတ်ထားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ထိုင်းနိုင်ငံက တောင်းဆိုပြီး ကမ္ဘာ့စင်မြင့်မှာ ပကတိအရှိတရားကို လိုရာဆွဲပြောဖို့ရည်ရွယ်တဲ့ သတင်းတုတွေ အသုံးချ တာကို ရှုတ်ချပါတယ်” လို့ တော်ဝင်ထိုင်းလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါ တယ်။

နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေ ၅ ရက်မြောက် ရှိလာချိန်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားခေါင်းဆောင် တွေဟာ တနင်္လာနေ့က မလေးရှားနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးကာ ခြွင်းချက်မရှိ အပစ်ရပ်ဖို့ သဘောတူခဲ့ပါတယ်။

လက်ရှိ အာဆီယံဉက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပဋိပက္ခမှာ ကြားဝင်ဖျန် ဖြေခဲ့တာဖြစ်ပြီး တွေ့ဆုံမှုမှာ အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တွေလည်း တက်ရောက်ခဲ့ပါ တယ်။

ကိုးကား – CNA
Ref; Thailand denies using chemical weapons in clashes with Cambodia