
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၈ ရက်
မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနဲ့ ဆွေးနွေးဖို့ စိတ်မဝင်စားဘူးလို့ ခေါင်းဆောင် ကင်ဂျုံအန်ရဲ့ သြဇာကြီးမားသော ညီမဖြစ်သူက ယနေ့ ပြောကြားခဲ့ပြီး ဆက်ဆံရေး ပြန်လည်စတင်ဖို့ ကတိပြုခဲ့တဲ့ တောင်ကိုရီးယားသမ္မတသစ်ရဲ့ပြောဆိုချက်ကို ပယ်ချလိုက်ပါတယ်။
ဇွန်လအတွင်း ရွေးကောက်ခံရပြီးနောက်ပိုင်း တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က သမ္မတ ဟောင်းရဲ့ မြောက်ကိုရီးယားအပေါ် ရန်လိုသောမူဝါဒကို ချိုးဖျက်ကာ နယ်စပ်တစ်လျှောက် အသံချဲ့စက် နဲ့ ဝါဒဖြန့်ချိတာကို ရပ်ဆိုင်းခဲ့ပါတယ်။
“ဘယ်လိုမူဝါဒ ချမှတ်ထားသည်ဖြစ်စေ ဘယ်လို အဆိုပြုချက် ပြုလုပ်သည်ဖြစ်စေ ကျွန်မတို့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စိတ်မဝင်စားသလို တောင်ကိုရီးယားနဲ့ တွေ့ဆုံဖို့ သို့မဟုတ် ဆွေးနွေးစရာအ ကြောင်းလည်း မရှိပါဘူး” လို့ ကင်ယိုဂျောင်က အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ နိုင်ငံပိုင်သတင်းစာသို့ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား ဆက်ဆံရေးဟာ တစ်သားတည်းဖြစ်သော အယူအ ဆဆိုတဲ့အချိန်ကို ကျော်လွန်ခဲ့တာကြောင့် နဂိုအတိုင်းပြန်မဖြစ်နိုင်တော့ပါဘူး” လို့ ၎င်းက ဆိုပါတယ်။
၁၉၅၀-၁၉၅၃ ကိုရီးယားစစ်ပွဲဟာ ငြိမ်းချမ်းရေးစာချုပ်မဟုတ်ပဲ ယာယီစစ်ပြေငြိမ်းမှုနဲ့ အဆုံး သတ်ခဲ့တာကြောင့် နှစ်နိုင်ငံကြား စစ်ဖြစ်နေဆဲဖြစ်ပါတယ်။
နျူကလီးယားလက်နက်ပိုင် မြောက်ကိုရီးယားနိုင်ငံရဲ့ တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ဖို့ တောင် ကိုရီးယားရဲ့ အရေးပါသော လုံခြုံရေးမဟာမိတ်ဖြစ်တဲ့ အမေရိကန်နိုင်ငံဟာ တောင်ကိုရီးယားမှာ တပ်ဖွဲ့ ဝင် ၂၈၀၀၀ ဝန်းကျင် ထားရှိပါတယ်။
သမ္မတဟောင်း ယွန်ဆတ်ခ်ယိုလ်ရဲ့လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်ပေါင်းများစွာအ တွင်း အဆိုးရွားဆုံးဖြစ်ခဲ့တာကြောင့် မြောက်ကိုရီးယားနဲ့ ကြိုတင်သတ်မှတ်ချက်တွေမရှိဘဲ ဆွေးနွေးဖို့ ကြိုးပမ်းမယ်လို့ တောင်ကိုရီးယားသမ္မတ လီဂျေမြောင်က ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; North Korea rejects dialogue with Seoul, says no interest in talks