
လက်နက်ကြီးကျည်တွေ ကျရောက်တဲ့ကိစ္စ ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီခန့် မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၁ ရက်
သြဂုတ်လ ၂၈ ရက်က ပိုင်နက်နယ်မြေအတွင်း လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ခဲ့မှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာသံအမတ်ကြီး အောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့တယ်လို့ နိုင်ငံခြားရေးရုံး က ပြောပါတယ်။
နယ်စပ်ရှိ ဂွမ်ဒမ်မှာ မြန်မာဘက်မှပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးကျည်နှစ်လုံး ကျရောက်ပြီး နာရီအ နည်းငယ်အကြာမှာ စစ်ကောင်စီခန့် မြန်မာသံအမတ်ကို ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီးကျည်တွေက မပေါက်ကွဲသောကြောင့် အသက်မဲ့အောင်ပြုလုပ်ကာ ဖောက်ခွဲပစ်ရတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဖွဲ့က ပြောပါတယ်။
“ကျွန်တော်တို့ မြန်မာသံအမတ်ကို ချက်ချင်း ဆင့်ခေါ်ခဲ့ပြီး သံတမန်ဆိုင်ရာ စာတစ်စောင် ပေးအပ်ကာ အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်” လို့ နိုင်ငံခြားရေးအတွင်းဝန် မာစွပ်ဘင်မိုမန်က သတင်းထောက်တွေကို ပြော ပါတယ်။ အလားတူဖြစ်ရပ်မျိုး နောက်တစ်ကြိမ်မဖြစ်အောင် ဂရုစိုက်ဖို့ တောင်းဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။
မကြာသေးမီက မြန်မာစစ်ကောင်စီရဲ့ ရဟတ်ယာဉ်တွေ ဘင်္ဂလားဒေ့ရှ် လေပိုင်နက်အတွင်း နှစ်ကြိမ် ထက်မနည်း ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ နိုင်ငံခြားရေးနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါ တယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက မြန်မာသံအမတ်ကို သြဂုတ်လ ၂၁ ရက် နောက်ပိုင်း ဒုတိယအကြိမ် ဆင့်ခေါ်ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။
အစောပိုင်းကလည်း မြန်မာစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေက အိမ်နီးချင်းတိုင်းပြည်ရဲ့ လုပ်ရပ်မဟုတ်ဖူး ဆိုပြီး သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါသေးတယ်။
ကိုးကား – Republic World
Ref; Bangladesh Summons Myanmar Envoy Over Mortar Shelling