
မြဝတီဘဏ်ရှေ့ ဆပ်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ် ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံး(ရုပ်/သံ)
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃၀ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ၊ မြဝတီဘဏ်ရှေ့ရှိ ဆပ်ကြေးကောက်နေသည့် စစ်ကောင်စီဂိတ်ကို မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MPDF က ဒီကနေ့ သြဂုတ်လ ၃၀ ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မီနစ်တွင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း MPDF ထံကသိရသည်။
အဆိုပါ ဆပ်ကြေးကောက်နေသည့် စစ်ကောင်စီဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့တယ် လို့ MPDF က ပြောသည်။
“ပြည်သူတချို့က ဆိုင်ကယ်စီး ဖြက်သန်းသွားနေလာနေလို့ ကျွန်တော်တို့ ရဲဘော်များ အပစ်ရပ်ပြီးဆုတ်ခွာခဲ့လိုက်ရတယ်။ဒါကြောင့် လက်နက်ရယူနိုင်မည့်အခွင့်အရေးလည်း ဆုံးရှုံးခဲ့ရပါသတယ်။ ပြောချင်တာက မိဘပြည်သူများအနေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှရှောင်ကွင်းသွားကြပါလို့ ပြောချင်တယ်ဗျာ”
ဟု MPDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
၎င်း စစ်ကောင်စီဂိတ်ကို ပစ်ခတ်တိုက်ခိုက်ရာတွင် Monywa People Defence Force (MPDF) မုံရွာခရိုင်အမှတ်(၁)တပ်ရင်းနှင့်အတူ မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့(ပလဖ)၊ Monywa Hero Group (MHG)၊ Monywa Satan၊ ပူးပေါင်းတိုက်ခဲ့တာဖြစ်တယ် လို့ MPDF မှ တာဝန်ရှိသူတဦးကပြောသည်။
#Ayeyarwaddy_Times