
မြန်မာနိုင်ငံမှာ ၂ ရက်အတွင်း လူ ၃ ဦးရေထဲခုန်ချသေဆုံးခဲ့
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၉ ရက်
စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးနောက်ပိုင်း ၁ နှစ်ခွဲကျော်အကြာမှာ အထွေထွေကုန်စျေးနှုန်းတွေမြင့်တက်လာလို့ နေ့စဥ် သေကြောင်းကြံစီတာတွေလည်း ဖြစ်ပွားမှုပိုများလာခဲ့ပါတယ်။
သြဂုတ်လ နောက်ဆုံးပတ်ထဲမှာပဲ စစ်ကောင်စီလက်ထက် စီးပွားရေးမပြေလည်မှုတွေ စားဝတ်နေရေးကြပ်တည်မှုတွေကြောင့် ၂ ရက်အတွင်း ရေထဲခုန်ချသေဆုံးသူ ၃ ဦးထိရှိလာခဲ့ပါတယ်။
ရုပ်သံ – ဧရာဝတီတိုင်းမ်