
ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၆ ရက်
တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေက ဂျပန်ရဲ့လုံခြုံရေးကို ဆိုးရွားစွာ သက်ရောက်မှုရှိနိုင်တယ်လို့ ဂျပန်နိုင်ငံက ဇူလိုင်လ ၁၅ ရက်မှာ ပြောကြားခဲ့ပြီး လေပိုင်နက်အတွင်း တရုတ်စစ်လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်တာကို အတည်ပြုလိုက်ပါတယ်။
တရုတ်နိုင်ငံက ဂျပန်အနီး ဒေသတစ်ခုလုံးမှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ကာကွယ်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းမှာ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်စစ်လေယာဉ်တစ်စင်း ဂျပန်လေပိုင်နက်ထဲ ဝင်ရောက်ခဲ့ပြီး ဂျပန်နဲ့ ထိုင်ဝမ်ကြားမှ တရုတ်စစ်လေယာဉ်တစ်စင်းနဲ့ စစ်သင်္ဘောနှစ်စင်း မောင်းနှင်ခဲ့တယ်လို့ စက္ကူဖြူစာတမ်း က ဖော်ပြပါတယ်။
တရုတ်ရဲ့ စစ်ရေးရည်မှန်းချက်တွေက ဂျပန်နဲ့ ကမ္ဘာကြီးအတွက် မကြုံစဖူး အကြီးမားဆုံး မဟာ ဗျူဟာမြောက် စိန်ခေါ်မှုဖြစ်တယ်လို့ စက္ကူဖြူစာတမ်းက ဆိုပါတယ်။
တရုတ်နိုင်ငံက ဂျပန်ရဲ့ပြောဆိုချက်ကို ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ လင်ကျင်းက ပြောပါတယ်။
တရုတ်ဂျက်တိုက်လေယာဉ်တွေဟာ အရှေ့တရုတ်ပင်လယ်ပေါ်မှာ ဂျပန်စစ်တပ်ကင်းလှည့်လေ ယာဉ်တစ်စင်းနဲ့ မီတာ ၃၀ အကွာမှ ပျံသန်းခဲ့တယ်လို့ ဂျပန်က ပြီးခဲ့တဲ့အပတ်အတွင်း ပြောကြားခဲ့ပါ တယ်။
ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်သင်္ဘောတွေဟာ ဂျပန်ပိုင် ဆန်ကာကူကျွန်းအနီး စံချိန်တင် ၃၅၅ ကြိမ်အထိ မောင်းနှင်ခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း တရုတ်လေယာဉ်တင်သင်္ဘောနှစ်စင်းဟာ ဂျပန် စီးပွားရေးရေပိုင်နက် အပါအ ဝင် ပစိဖိတ်ဒေသမှာ တစ်ပြိုင်နက်တည်း မောင်းနှင်ခဲ့တယ်လို့ ဂျပန်က ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေက ယခင်ကထက် ဂျပန်ရဲ့ အမျိုးသားလုံခြုံရေးကို စိုးရိမ်ဖွယ် ရာ ခြိမ်းခြောက်လာတယ်လို့ စက္ကူဖြူစာတမ်းက ဖော်ပြပါတယ်။
အဆိုပါ စက္ကူဖြူစာတမ်းကို ဝန်ကြီးချုပ် ရှီဂီရူအိုင်ချီဘာရဲ့ အစိုးရအဖွဲ့က အင်္ဂါနေ့မှာ အတည်ပြု ခဲ့ပါတယ်။
ကိုးကား – CNA
Ref; Japan report says China’s military activities could ‘seriously impact’ its security