ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၅ ရက်

ကမ္ဘောဒီးယားစစ်တပ်က လာမယ့်နှစ်မှာ အရပ်သားတွေကို တပ်သားသစ်စုဆောင်းမှု စတင်မယ် လို့ ဝန်ကြီးချုပ် ဟွန်မာနက်က ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံနဲ့ တင်းမာမှု မြင့်တက်ခြင်းက မဖြစ်မနေ စစ်မှု ထမ်​ဥပဒေ ပြန်လည်အသက်သွင်းရတဲ့ အဓိကအကြောင်းရင်းလို့ ဆိုပါတယ်။

အသက် ၁၈ နှစ်မှ ၃၀ နှစ်အထိ ကမ္ဘောဒီးယားနိုင်ငံသားတိုင်း စစ်တပ်မှာ ၁၈ လကြာ စစ်မှုထမ်း ရမယ့် ဉပဒေတစ်ရပ်ကို ကမ္ဘောဒီးယားလွှတ်တော်က ၂၀၀၆ ခုနှစ်မှာ အတည်ပြုခဲ့ပေမယ့် ပြဌာန်းခဲ့ခြင်း မရှိပေ။

“ထိုင်းနိုင်ငံနဲ့ ပဋိပက္ခဖြစ်တာ ကျွန်တော်တို့ သင်ခန်းစာတစ်ခုဖြစ်ပြီး စစ်တပ်ကို ပြုပြင်ပြောင်း လဲမယ့် ရည်မှန်းချက်တွေ သတ်မှတ်ဖို့ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်” လို့ ဟွန်မာနက်က ပြော ပါတယ်။

၂၀၂၆ ခုနှစ်မှစပြီး စစ်မှုထမ်းဉပဒေ အကောင်အထည်ဖော်သွားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံအ လယ်ပိုင်း Kampong Chhnang ပြည်နယ်ရှိ စစ်သင်တန်းကျောင်းတစ်ခုမှာကျင်းပတဲ့ အခမ်းအနားမှာ ၎င်းက ဆက်ပြောပါတယ်။

စစ်မှုထမ်းကာလကို ၁၈ လမှ ၂ နှစ်အထိ တိုးမြှင့်မယ်လို့ သူက ဆိုပြီး ကာကွယ်ရေးဘတ်ဂျက်ကို တိုးမြှင့်သွားဖို့ ကတိပြုခဲ့ပါတယ်။

ကမ္ဘောဒီးယားစစ်သားတစ်ဉီး သေဆုံးခဲ့တဲ့ နယ်စပ်ပစ်ခတ်မှုဖြစ်စဉ်ကြောင့် နှစ်နိုင်ငံကြား ဆက် ဆံရေး အေးစက်ခဲ့ပြီး နယ်စပ်ဂိတ်တွေ ပိတ်သိမ်းကာ ကမ္ဘောဒီးယားက ထိုင်းမှ လောင်စာဆီတင်သွင်းမှု ရပ်တန့်ခဲ့ပါတယ်။

ယင်းဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းတစ်ခု ဖြစ်စေခဲ့ပြီး ဝန်ကြီးချုပ် ပေ ထောင်တန်ရှင်နာဝပ်ထရာအား ရာထူးမှရပ်ဆိုင်းကာ ကျင့်ဝတ်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါ တယ်။

ပေထောင်တန်နဲ့ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆမ်ကြား ဖုန်းပြောဆိုမှု ပေါက်ကြား ခဲ့လို့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အသက်ပြည့်မီတဲ့ လူငယ်တွေအတွက် စစ်မှုထမ်းဉပဒေရှိပြီး စစ်တပ်မှာ တာဝန် ထမ်းဆောင်ဖို့ မဲနှိုက်စနစ်နဲ့ ရွေးချယ်တာဖြစ်ပါတယ်။

ကိုးကား – AFP
Ref; Cambodia to implement military conscription in 2026