ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၄ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ်ပေါ်နေသောကုန်းတွင်းမုန်တိုင်းငယ်ကြောင့် လာမည့်နှစ်ရက်အတွင်း တိုင်းနှင့် ပြည်နယ်အချို့တွင်မိုးကြီးနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

အိန္ဒိယနိုင်ငံအနောက် ဘင်္ဂလားပြည်နယ်အရှေ့တောင်ပိုင်းနှင့်စပ်ဆက်နေသောဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင်ဖြစ်ပေါ်နေသော ကုန်တွင်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကိုဆက်လက်ဖြတ်ကျော်မည်ဟု ခန့်မှန်းထားသည်။

လာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်( မြောက်နှင့် အရှေ့ပိုင်း) တို့တွင် မိုးကြီးနိုင်ကြောင်းပါဝင်သည်။

စစ်ကိုင်းတိုင်းအောက်ပိုင်းနှင့် ကရင်နီ (ကယား)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် နေရာစိပ်စိပ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္ဿာရီတိုင်း ကချင်ပြည်နယ်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရသည်။

ထို့ပြင်မိုးတိမ်တောင်များဖြစ်ထွန်းရာတိုင်းနှင့်ပြည်နယ်အချို့တွင် ယင်းရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်သည်။

မြန်မာကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်းသိရသည်။

လက်ရှိတွင်မြစ်ကြီးအချို့တွင် မြစ်ရေတက်မှုဖြစ်ပေါ်နေကော ဧရာဝတီမြစ်သည် ညောင်ဦးမြို့တွင် စိုးရိမ်ရေမှတ်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၃ လက်မခန့်မြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းအနီးနေထိုင်သူများ ရေဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ရန် သတိပေးထုတ်ပြန်သည်။

ဓာတ်ပုံ – မိုး/ဇလ